ရသေ့တောင်မြို့သိမ်းတိုက်ပွဲက ရရှိသော စစ်ကောင်စီတပ်သား အလောင်းအချို့ကို AA ထုတ်ပြ

စစ်မှုထမ်းတပ်သားသစ် ရိုဟင်ဂျာများအပါအဝင် စစ်ကောင်စီတပ်သားရုပ်အလောင်းများ AA ထုတ်ပြန်

ရခိုင်ပြည် ၊ ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင်သိမ်း ပိုက်ခဲ့သည့် တိုက်ပွဲအတွင်း၌ စစ်မှုထမ်းဥပဒေဖြင့်ခေါ်ယူထားသော မူဆလင် ရိုဟင်ဂျာတပ်သားသစ်များအပါ အဝင် စစ်ကောင်စီတပ်က သေဆုံးအလောင်းများကို AA က ယနေ့နံနက်ပိုင်း၌ ထုတ်ပြန်သည်။

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ – ၅၃၆၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းတို့အား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများအတွင်း၌ စစ်ကောင်စီတပ်သားများ၏အလောင်းများနှင့် ဘင်္ဂလီ အလောင်းအချို့ကို တွေ့ရသည်ဟု AA က ဓာတ်ပုံများနှင့်တကွ ဖော်ပြထားခြင်းဖြစ်သည် ။

AA ၏ ရသေ့တောင်မြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီက အတင်းအဓ္ဓမခေါ်ယူ စစ်သားစုဆောင်းထားသော မွတ်ဆလင်များကို ရသေ့တောင်မြို့သို့ ပို့ဆောင်ကာ AA အား ပြန်လည်ခုခံခိုင်းခဲ့သည်။

ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆၊ ၅၃၇၊ နှင့် ၅၃၈” တပ်ရင်း ၃ ခု ကို ရက္ခိုင့်တပ်တော် AA က ၂ ပတ်ခန့်အကြာ ထိုးစစ်ဆင်ခဲ့သည်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို မတ်လ ၁၇ ရက်၊ ညနေ ၄ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိုးစစ်ဆင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဦးခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး သေဆုံးအလောင်းတချို့လည်းကျန်ရှိခဲ့သည်။

ရသေ့တောင်မြို့တိုက်ပွဲတွင်း၌ မူဆလင် ရိုဟင်ဂျာတပ်သားသစ် ဆယ်ချီသေဆုံးမှုရှိခဲ့သလို ရခိုင်ပြည်နယ်တိုက်ပွဲ အတွင်း စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မခေါ်ယူခံထားရသော မူဆလင် ရိုဟင်ဂျာတပ်သားသစ်များ ၁၀၀ ကျော်ထိ သေဆုံးနိုင်သည်ဟု ရိုဟင်ဂျာအရေး ကူညီပေးနေသူများ ခန့်မှန်းပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း ဘင်္ဂါလီ(ရိုဟင်ဂျာ)လူငယ်များကို စစ်ကောင်စီက အဓမ္မစစ်သင်တန်းခေတ္တပေးပြီးနောက် ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်နေသည်။

နိုင်ငံအနှံ့ထိုးစစ်များနှင့်ကြုံနေရပြီး တပ်သားအင်အားများပြုန်းတီးနေသော စစ်ကောင်စီသည် ပြီးခဲ့သော ဖေဖော် ဝါရီလ ၁၀ ရက်တွင် စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့ပြီးနောက် တပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ ပို့ ဆောင်နေခြင်းဖြစ်သည်။

စစ်မှုထမ်းဥပဒေဖြင့် ပြည်သူများအားစစ်မှုထမ်းခိုင်းခြင်းသည် အချိန်ကာလအရရော၊ ဥပဒေအကြောင်းအရပါ ကိုက်ညီမှုမရှိသည့်အပြင် ရက်တိုသင်တန်းများဖြင့် အတွေ့အကြုံမရှိသော တပ်သားသစ်များကို ရှေ့တန်းပို့ဆောင် နေခြင်းသည် စစ်ရာဇတ်မှုကျူးလွန်ခြင်းဖြစ်သည် ဥပဒေပညာရှင် ၁ ဦးကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အနှံ့က မွတ်ဆလင်များကို စစ်မှုထမ်းရန် အတင်းအဓ္ဓမခေါ်ယူနေပြီး စစ်သင်တန်းများပေးအပ်ကာ ရှေးတန်းစစ်မျက်ပြင်သို့ ပို့ဆောင်လျှက်ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *