အတိတ်နိမိတ်ပြနေတဲ့ စစ်မှုထမ်းကိစ္စ

စစ်မှုထမ်းဥပဒေ ကျော်လွှားကြဖို့ – ဆရာ လင်းညှို့တာရာ

လုပ်သင့်တယ်လို့ထင်တာလေးတွေပြောဆိုပေးထားပါတယ်။ အဲ့ဒါတွေမှ အခြေအနေအမျိုးမျိုးကြောင့် မလုပ်နိုင်သေးဘူးဆိုရင်တော့ အခုပြောထားတဲ့ ယတြာ အဓိဌာန်လေးလုပ်ပါ ၊

လိုအပ်တယ်ထင်တာတွေလည်း ပိုစ့်လေးတွေအဖြစ်နဲ့ ထပ်မံတင်ပေးပါအုန်းမယ်။ အဆင်ပြေကြပါစေ။

ပြေးစရာရှိတာ ပြေးကြပါဆိုပီး ကျွန်တော် video ဖိုင်ကြီးနဲ့ ပြောထားတယ်နော်

အဲ့တုန်းက ဆဲကြတာ ဆဲကြတာ ၊

တကယ့် စာတွေထွက်လာရော ဘယ်သူတွေ ငိုကြလဲ မိဘတွေ နဲ့ ခင်ဗျားတို့ကိုယ်တိုင်မလား ၊

စာထွက်လာတော့မှ ပြေးရင် အမှုတွေတိုးမယ်နော် ၊ အရမ်းတွေ မစဉ်းစားပါနဲ့

တပေါင်းစစ်ချီ ဒေါင်းစစ်သည်လုပ်မလား

တပေါင်းစစ်သည် အလောင်းဖြစ်မည်ပဲ လုပ်မလား

ဓနလည်းမရှိ ဘာမှမရှိဘူးဆိုရင်တော့ ကျွန်တော်ပြောတဲ့ ယတြာလေးကိုသာ မျကိစိမှိတ်ပီးသာ လုပ်ပါတော့

ကြိုက်တာသာဆုံးဖြတ်တော့ ၊ လေဆိပ်လည်း ပြည့်နေပီ စီးပွါးတွေလည်းပျက်ကုန်ပီ ၊ အားလုံး အားလုံး တွေးပူနေရပြီ။

သုံးပတ် နဲ့ သုံးလအတွင်း အကြီးအကျယ် အကျပ်ရိုက်လိမ့်မယ်

စစ်မှုထမ်းခိုင်းတယ်ပေါ့ ၊ စစ်မှုထမ်းဆိုတာက ဘယ်လိုနေနေ အင်္ဂါဂြိုဟ်ကို အားကောင်းအောင် လုပ်တဲ့သဘောပဲ ၊

စစ််မက်ဆိုတဲ့ အင်္ဂါဂြိုဟ်အားကောင်းလာရင် အင်္ဂါသမီး အမေစုလည်း တစ်နည်းတစ်ဖုံ အားကကောင်းကောင်းလာတယ် ၊ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ကဲ့သို့ ဖြစ်လာလိမ့်မယ် ၊

အင်္ဂါနံ့နဲ့ ပတ်သက်ပြီး အတင်းအကျပ်ဖိအားပေးတဲ့အခါမှာ စစ်မှုထမ်းအတင်းထမ်းခိုင်းလိုက်တော့ ပထမပိုင်းမှာ ငွေရရင်ရ လူရရင်ရပေါ့

ဒါပေမယ့် စစ်သည်တော်နတ်တွေ ရဲ့ ငြိုးခြင်းကို ခံရတော့တာပဲ အဲ့ အကျိုးက ရဲဘော်တွေမှာမဟုတ်ဘူး ၊ ဆန် ဆီ ဆေး ဆား ရှားပါးလာလိမ့်မယ်

တပ်အတွင်းက ဆန်ရှားတာ ဆီရှားတာ ဆေးရှားတာ ဆေးကုမရတဲ့ရောဂါဆန်းတွေ ပေါ်လာတာ စစ်လက်နက်များစွာဖြင့် ထိခိုက်မှုရှိလာတာတွေ ပေါ်လာတတ်သည်။

ဒီနှစ်သကြင်္န်မင်းက ဘာကိုင်ပီး ဘာစီးလာတယ်ဆိုတာက နားလည်တဲ့သူတွေသိမယ်ဆိုရင် စစ်မှုထမ်းခိုင်းတာက သက်ဆိုင်ရာ စစ်ဌာနချုပ်က ခေါင်ပိုင်းတွေကို စတေးလိုက်တာနဲ့ အတူတူပဲ ၊ သုံးပတ် နဲ့ သုံးလအတွင်း အကြီးအကျယ်ရိုက်ခတ်လိမ့်မယ်

လင်းညှို့တာရာ


Comments

Leave a Reply

Your email address will not be published. Required fields are marked *