မကွေးနဲ့ မန္တလေး💥ရာဇသံလှလှလေးတွေ လာပါပြီ..

စစ်မှုမထမ်းမနေရ ဥပဒေက ဆင့်ခေါ် သည့် အဆင့်သို့ ရောက်နေပြီး ဆုံး ဖြတ်ချက်ချရမည့်အချိန် ကျော်လွန်လျှင် ပြင်ဆင်မရသော ခရီးကြမ်း လျှောက်လှမ်းကြရမည်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်သတိပေး

အကြမ်းဖက်စစ်ကောင်စီက အတင်းအကျပ် လုပ် ဆောင်နေသည့် စစ်မှုမထမ်းမနေရ ဥပဒေသည် ဆင့်ခေါ်စာ ပေးပို့သည့် အဆင့်သို့ ရောက်ရှိနေပြီး ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်လျှင် ပြင် ဆင်မရနိုင်သော ခရီးကြမ်း လျှောက်လှမ်းကြရမည်ဟု KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က သတိပေးပြောဆိုလိုက်သည်။

မတ်လ ၂၀ ရက်နေ့တွင် KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူမှုကွန်ရက်မှတစ်ဆင့် “ဆုံးဖြတ်ချက် အမြန်ချရန် လိုအပ်” ဆိုသော ခေါင်းစဉ်ဖြင့် ပြည်သူများကို သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ထားသည်မှာ ရက်ပေါင်း ၄၀ ရှိပြီဖြစ်ကြောင်း၊ အိမ်အပြင် မထွက်ဘဲ နေနေလျှင် လုံခြုံမည်ဟု ယူဆသူ အများအပြားရှိသည်ဟု သုံးသပ်ရကြောင်း၊ ယခုဆိုလျှင် အိမ်တိုင် ရာရောက် ဆင့်ခေါ်စာ ပို့ပြီး ခေါ်ဆောင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ပြည်သူသို့ သတိပေးစာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုထားသည်။

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဆုံးဖြတ်ချက် ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့် မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းကြရမည်ကို သတိပေးလိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြည်သူများနှင့် လူငယ်များကို သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ပြီး လာမည့် သင်္ကြန်အပြီး မေလဆန်းပိုင်းမှစတင်၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တွင် စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် ကူညီနေသူ အားလုံးကို ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များ ကြေညာ

ရန်ကုန်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်မှုမထမ်းမနေရ အမိန့်ကြေ ညာချက် အသက်ဝင်စေရန် ကူညီနေသူ အားလုံးကို ထိရောက် ပြင်းထန်စွာ အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများက သတိပေး ကြေညာထားသည်။

အကြမ်းဖက် စစ်တပ်သည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကို ပြဋ္ဌာန်းကာ ပြည်သူများ၏ လူသားလုံခြုံမှု (Human Security) ကို ပြောင်ပြောင် တင်းတင်း ထိပါးကျူးလွန်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များက ပြောဆိုထားသည်။

ထို့ကြောင့် စစ်မှုမထမ်းမနေရ အမိန့်ကို ကူညီသူများအားလုံးကို ခွေးသွားစိတ် ဒေါက်တိုင်များအဖြစ်သတ်မှတ်ကာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ Yangon Urban Guerrillas (YUG)၊ Yangon UG Association (YUA)၊ Yangon Army (YA)၊ Yangon Guardian Army (Y.G.A) တို့ ပါဝင်ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေး သူများကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည်ဟု မတ္တရာ ပကဖ ကြေညာ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေး သူများကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်ကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရန် ထုတ်ပြန်ပြီးနောက် မတ္တရာမြို့နယ်အတွင်းနေ ပြည်သူများအပေါ် ဖိအားပေးခြိမ်းခြောက် ငွေညှစ်နေသည့် လဝက၊ ထွေအုပ်၊ ရပ်ကျေးရာအိမ်မှူး၊ ဆယ်အိမ် မှူး များနှင့် အကြမ်းဖက်စစ်ကောင်စီ နောက်လိုက်များအပေါ် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက်နေသူများ၏ နေရပ်၊ အမည် များအား တော်လှန်ရေး အဖွဲ့များထံသို့ တိတိကျကျ သတင်းပေး တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ နောက်လိုက် လဝက၊ ထွေအုပ်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများသည် နိုင်ငံရေး မတည်ငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူပြီး ပြည်သူများအား မတရားခြိမ်းခြောက် စစ်မှုထမ်းရန် ဖိအားပေး ငွေညှစ်ထုတ် အကျိုးစီးပွားရှာနေသည်ကို သိရှိပြီးဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အသက် ပေးတိုက်ပွဲဝင်နေရသည့် ရဲဘော်များနှင့် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက် နေရသူများကို လစ်လျူ ရှု၍ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေသည့် လဝက၊ ထွေအုပ်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စစ်ကောင်စီနောက်လိုက်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် ပြင်းပြင်းထန် ထန် သတိပေးလိုက်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူတွေက တစ်ဆင့် ကျွန်တော်တို့ကို တိုင်ကြားထားတာမျိုးတော့မရှိသေးဘူးပေါ့။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ရထားတဲ့ သတင်းအရဆိုရင် မြို့ထဲမှာကော မြို့နယ်အတွင်းမှာကော စစ်ကောင်စီက စစ်မှုထမ်းဖို့လုပ်နေတဲ့ ကိစ္စမှာ အရှေ့ဆုံးကနေ လုပ်ဆောင်ပေးနေတဲ့ ဥက္ကဋ္ဌ တွေ အဲ ဥက္ကဋ္ဌ တွေတော့ရှိနေတယ်။ ထပ်ပြီးတော့ ရဲရဲဝံ့ဝံ့ မလုပ်ဖို့အတွက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလိုထုတ်ပြန်ရတာမျိုးဖြစ်တယ်” ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း တပ်သားသစ်စုဆောင်းမှုကို မိမိတို့ သဘောဆန္ဒ အလျောက်ဖြစ်စေ စစ်ကောင်စီမှ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေ၍ ဖြစ်စေ လုံးဝ(လုံးဝ) မပြုလုပ်ကြဘဲ ပြည်သူနှင့် ပူးပေါင်းကြရန် ၊ ပြည်သူများအနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာပါက တော်လှန်ရေး အဖွဲ့အစည်းများထံ ချိတ်ဆက်ဆောင်ရွက်၍ ခိုလှုံခွင့် အကူအညီများ တောင်းခံကြရန် အသိပေးထား သည်။

ပြည်သူလူထု သဘောဆန္ဒမပါဘဲ အတင်း အဓမ္မ တပ်သားသစ် စုဆောင်းနေသည့် စစ်ကောင်စီ လက်အောက်ခံ မည်သည့် အဖွဲ့အစည်းမဆို၊ မည်သည့် လူပုဂ္ဂိုလ် မဆို ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးအပ်ပါသည်ဟု မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မကွေးတိုင်းအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော်နေသူ အားလုံး အမြန်ဆုံး နုတ်ထွက်ရန် အမှတ် ၁ စစ်ဒေသ PDF က သတိပေး

မကွေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ်၏ ညွှန်ကြားချက်များကို လိုက်ပါ ဆောင်ရွက်နေသူ အားလုံး အမြန်ဆုံး နုတ်ထွက်ရန် မကွေးခရိုင်ကွပ်ကဲရေးရုံး အမှတ် ၁ စစ် ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်က မတ်လ ၂၀ ရက်နေ့တွင် သတိပေး ကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။

နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းတို့ဖြင့် အဓမ္မ သိမ်းယူခဲ့သော (ယခင်) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များသည် နိုင်ငံတော် အကြမ်းဖက် လက်နက်ကိုင်များဖြစ်သည့်အတွက် နိုင်ငံနှင့် လူထုအပေါ်တွင် မည်သည့် ဥပဒေ၊ အခွင့်အာဏာကိုမှ ရယူသုံးစွဲခွင့်မရှိကြောင်း ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော် အကြမ်းဖက်တရားခံ မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၏ လိုလားချက် များအတိုင်း လိုက်ပါဆောင်ရွက်နေသော တိုင်း၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ဒေသ အသီးသီးမှ ပုဂ္ဂိုလ်များသည် လက်ရှိ ပူးပေါင်းပါဝင်နေခြင်းမှ အမြန်ဆုံး နုတ်ထွက်နိုင်ရန် ပြင်းပြင်း ထန်ထန် တိုက်တွန်း သတိပေးကြောင်း အမှတ် ၁ စစ် ဒေသ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောဆိုသည်။

သတိပေးတားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဆက်လက် ကျူးလွန်နေသူများကို မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များအဖြစ် သတ်မှတ်ပြီး စစ်ရေးပစ်မှတ်များအဖြစ် မှတ်ယူမည် ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *