စစ်မှုထမ်းရန်အတွက် အင်းစိန်ထောင် ဝန်ထမ်းမိသားစုများထံ စာရင်းလာကောက်

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းမိသားစုများထဲမှ စစ်မှုထမ်းရန်အတွက် အပျို လူပျို စာရင်းနှင့် မှီခိုစာရင်းကို ယနေ့ လဝကနှင့်စစ်ကောင်စီလက်အောက်ခံများ စာရင်းလာကောက်သွားကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်တွင် လူပျို ဝန်ထမ်းလိုင်းခန်း အပါအဝင် (၁၉) ခုရှိပြီး၊ ဝန်ထမ်း ၃၀၀ ကျော်ရှိကြောင်း၊ ဝန်ထမ်းမိသားစု တစုတွင် လူပျို အပျို မှီခို အနည်းဆုံး နှစ်ဦးမှ သုံးဦးထိရှိကြကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လက်အောက်ခံ ဝန်ထမ်းမိသားစုများ၊ စစ်ကောင်စီ စိုးမိုးနယ်မြေအတွင်းရှိ ပြည်သူများအတွင်း အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ အမျိုးသား အမျိုးသမီးများကို အဓမ္မစစ်မှုထမ်းရန် စာရင်းကောက်နေပြီး ဧပြီလအတွင်း အကောင်အထည်ဖော်မည်ဟု သိရသည်။

ကျေးလက်ဒေသတွင် ညပိုင်းနှင့် ခရီးသွားများကိုလည်းဖမ်းဆီးစစ်ဆေးကာ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးနေမှုများရှိကြောင်း၊ ကျေးလက်ဒေသတချို့တွင် အုပ်စု တစုတွင် အပတ်စဉ် (၁) အတွက် (၂) ဦးကို မဲနှိုက်ခေါ်ယူနေကြောင်း၊ နောက်ပိုင်း အပတ်စဉ်များတွင် နာမည်စာရင်းဖြင့်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *