ပျူစောထီးသေလို့ ကျောက်ရစ်သုဿန်မှာ နာရေးလာချဖို့ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ကပျူစောထီးနာရေးအတွက် သုဿန်နားကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သားတွေအပေါ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုတွေရှိနိုင်တယ်လို့ စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့မနက် ၁၀နာရီခန့်က သုဿန်နားကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုကင်းပုန်းပေါ် တည့်တည့်ကျပေါက်ကွဲခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ဆိုပါတယ်။

“ပျူတယောက်နာရေးဖြစ်တာ။ အဲဒီမှာ သင်္ချိုင်းနားကင်းလာယူတဲ့ခဝွေးတွေဒရုန်းနဲ့အအတီးခံရတာ ထိခိုက်မှုကတော့သေချာပေါက်ရှိမယ်ဗျ။ ခွေးပိုင်တဲ့ရွာဆိုတော့ ထောက်ရတာခက်နေတယ်”လို့မြေပြင်တော်လှန်ရေူနဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF/MSDF နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်တဲ့၊မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း-NRDF၊မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း-တပ်ခွဲ(၂)၊မိတ္ထီလာခရိုင်အမှတ်(၃)တပ်ရင်း တို့ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *