😄 အဘ ဘာလုပ်နေလဲ..

ယတျာအရ ဘုရင်းထီးတင်ပြီး သကာလ ထင်လတ်ဦး၊ ကိုကိုဦး၊ ကျော်စွာဦးတို့လို စစ်ဗိုလ်ချုပ်တွေကို ဖြုတ်ထုတ်ရှင်းပြီး ဘောမ ကျော်စိုးဦးကိုပါ ဆွဲစိခိုင်းလိုက်တယ်။

သဘောက နာမည်အဆုံးမှာ “ဦး”တွေပါရင် အဘရဲ့ တက်လမ်းကို ခိုက်စေတဲ့ အတွက်ပါ တဲ့။

အတွင်းသတင်း ရလို့ “သဇင်ဦး” ဆိုတဲ့ ထမင်းသည်မလေးတောင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ယုံလို့ရတာမဟုတ်ဘူးဆိုပြီး ခမြာမှာ ရှောင်တိမ်းနေရရှာပြီ။

အခါတော်ပေးရဲ့ အထူးကတ်ကင်းအဖြစ် “အုပ်ချုပ်သူ ပျက်စီးတဲ့ သဘောဆောင်အောင် အုပ်ကြီးတွေကို စစ်မူထမ်းဆင့်ခေါ်ရေး ဥက္ကဌအဖြစ် ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေ ပေးပြီး သေတွင်းဆီ ပို့ပေးထားရပါသတဲ့”

သြော် ယတျာအရ ဆိုပြန်တော့.. အုပ်ကြီးတွေရော၊ “သဇင်ဦး”လေးကိုပါ သနားမိပြန်ရော…😁

ချစ်ကိုကြီး

Leave a Comment