ပခုက္ကူမြို့နယ် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာသည့် ကားအစီး ၁၂၀ ကျော်ပါ ရိက္ခာပို့ စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး(ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ ထွက်ခွာလာသည့် ကားအစီး ၁၂၀ ကျော်ပါ ရိက္ခာပို့ စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၂၃ ရက် နံနက် ၆ နာရီမှ ည ၇ နာရီ မိနစ် ၃၀ အချိန်အထိ ပခုက္ကူမှ ကမ္မမြို့ ဘက် သို့ ထွက်ခွာလာသည့် ရိက္ခာတင်ယာဉ် အစီးရေ ၁၂၀ ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံး၊ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ၊ ဗုံးကျဲတိုက်ခိုက်ခံရမှုများကြောင့် ယာဉ်တန်းမှာ ဆက်လက် ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ် တန့်နေပြီး စစ်သား၊ ရဲ၊ ပျူစောထီးများမှာ လမ်းဘေးဝဲယာတွင် ကင်းပုန်းချထားကာ နေရာယူလျက် ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ကမ္မမြို့သို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ရိက္ခာ ပို့ယာဉ်တန်းမှ စစ်သား ၁၀၀ ခန့်သည် မြိုင်မြို့နယ်၊ တွင်းမပျူ ကျေးရွာကို ခြေလျင်စစ်ကြောင်းဖြင့် ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို တွင်းမပျူကျေးရွာအတွင်း သယ်ဆောင်သွားခဲ့ပြီး ဆေးကုသမည့်သူမရှိသောကြောင့် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကြောင့် လက်အောက်ငယ်သားများ သေဆုံးရခြင်းဖြစ်သည်ဟု စစ်သားများက အော်ဟစ်ဆဲဆိုကြိမ်းမောင်း နေကြကြောင်း၊ ထို့ပြင် နောက်တန်းပြန်ရောက်ပါက နှုတ်ထွက်စာတင်ကြရန်နှင့် ထွက်ပြေးကြရန် တိုင်ပင်ဆွေးနွေးနေသည်ဟု တပ်တွင်းဖရဲသီးက သတင်းပေးပို့မှုရှိထားကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ဂဠုန်၊ တပ်ခွဲ ၄ စင်္ကြာ ၊ ဝံပုလွေ ပြောက် ကျားတပ်ဖွဲ့ ၊ MRTF ၊ Black Cobra ၊ PKU -Thu Rein၊ Kamma Undergound ၊ PPDF၊ DMG တပ် ဖွဲ့ ၊ Freedom Fighters တပ်ဖွဲ့ ၊ ပေါက် ပကဖ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ Earthquake Defense Force၊ Young Force ၊ Black Cheetah၊ ဧရာအနောက်တပ်ဖွဲ့ နှင့် ကင်တိုတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *