တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားများ စုဆောင်းနေသည့် ဌာန ဆိုင်ရာ ဝန်ထမ်း ၅ ဦးကို PDF Zoland တပ်ဖွဲ့က ဖမ်းဆီး

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းဓမ္မစစ်မှုထမ်းစေခိုင်း ရန် လူသစ်စုဆောင်းနေသည့် ဌာနဆိုင်ရာ ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးထားကြောင်း PDF Zoland တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့တွင် တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စည်ပင် ဌာနမှ အသက် ၃၆ နှစ်အရွယ် လက်ထောက်အင်ဂျင်နီယာ ကင်ဆွင်းခွါလ် ၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန – မွေး/ကု မှ အသက် ၅၅ နှစ်အရွယ် ဒုကြီးကြပ်ရေးမှူး ခွါလ်လျန်းမုန်၊ အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အုပ်စုစာရေး အသက် ၄၈ နှစ်အရွယ် လျန်းလမ်ခိုင် ၊ အားကစား ဝန်ကြီး ဌာနမှ အသက် ၄၈ နှစ်အရွယ် အာကာမှူး ရှင်းခန့်ခွါလ် နှင့် လဝက ဌာန အသက် ၅၇ နှစ်အရွယ် အငယ်တန်းစာရေး နန်ဆွင်းဂင့်တို့သည် အကြမ်းဖက်စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သား စုဆောင်းကူညီသူပေးကြသော သူများဖြစ်သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တီးတိန်မြို့ပေါ်အထိ တက်ဖမ်းလာတာ၊ ဒီနေ့ပဲ၊ လောလောဆယ်တော့ ထိန်းသိမ်းပြီး စစ်ဆေးနေ တာပဲရှိသေးတယ်၊ အရေးယူတော့ ယူမှာပေါ့” ဟု PDF Zoland တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးရရှိသူ လူပုဂ္ဂိုလ် ၅ ဦးသည် PDF Zoland တပ်ဖွဲ့၏ အရေးပေါ် ကြေငြာချက် ၊ သတိပေးချက် ကို ဂရုမစိုက်ခြင်း မရှိပဲ အကြမ်းဖက် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်း ကူညီ ပေးနေသူများဖြင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်ကြောင်း၊ သည်းခံနားလည်ပေးမူသည် အကန့်အသတ် ရှိပြီး အကြမ်းဖက် စစ်ကောင်စီ အား တစ်ထောင့်တစ်နေရာမှ ပူးပေါင်း ပံ့ပိုးသူများ ကို ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း PDF Zoland က ပြောဆိုသည်။

လက်ရှိတွင် တီးတိန်မြို့ပေါ်တွင် စစ်တပ်က လှည့်လည်နေပြီး နံနက် ၁၁ နာရီ ဝန်းကျင်တွင် လေလုမ်း ရပ်ကွက် ဘက်မှ သေနတ်သံများ ကြားရကြောင်း၊မြို့တွင်းတွင်လည်း တိတ်ဆိတ်ခြောက်ကပ်နေကြောင်း​ ဒေသပြည်သူများက ပြောဆိုကြသည်။

အရေးပေါ် ကြေငြာချက်

မိမိတို့၏ သတိပေးချက်ကို ဂရုမစိုက်ပဲ အကြမ်းဖက် စစ်ကောင်စီ အတွက် အတင်းအဓ္ဓမ စစ်သားစုဆောင်း ကူညီပေးကြသော အောက်ပါ လူပုဂ္ဂိုလ်များ အား ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီ ဖြစ်သည်။

၁။ ကပ်ဆွင်းခွါလ် (အသက် ၃၆)

လက်ထောက် အင်ဂျင်နီယာ (စည်ပင်)

၂။ ခွါလ်လျန်းမုန် (အသက် ၅၅)

ဒု ကြီးကြပ် (မွေး/ကု)

၃။ လျန်း လမ်ခိုင် (အသက် ၄၈)

အုပ်စုစာရေး (ထွေအုပ်)

၄။ ရှင်းခန့်ခွါလ် (အသက် ၄၈)

အားကာမှူး

၅။ နန်ဆွင်းဂင့် (အသက် ၅၇)

အငယ်တန်းစာရေး (လ၀က)

သည်းခံနားလည်ပေးမူသည် အကန့်အသတ် ရှိပါသည်။ အကြမ်းဖက် စစ်ကောင်စီ အား တစ်ထောင့်တစ်နေရာမှ ပူးပေါင်း ပံပိုးသူများ ကို ဆက်လက် အရေးယူသွားပါမည်။

Leave a Comment