ကော့ကရိတ်မြို့တွင်းရှိ အမှတ် ၃ ရဲစခန်း၊ တောင်ပေါ်ကျောင်း၊ မြို့တော်ဦးနေရာများကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ အမှတ် ၃ ရဲစခန်း‌၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦးနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ပြောသည်။

ယမန်နေ့ မတ်လ ၂၅ ရက် နေ့က ကော့ကရိတ်မြို့ပေါ်ရှိ အမှတ် ၃ ရဲစခန်း ၊ တောင်ပေါ်ကျောင်းနှင့် မြို့တော်ဦး နေရာများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF လက် အောက်ခံ ကျားဖြူ စစ်ကြောင်း နှင့် နဂါးဖြူ စစ်ကြောင်းများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြင့်တင်လျက်ရှိရာ ကော့ကရိတ်မြို့အတွင်း၌ နေ့ည မပြတ် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ကော့ကရိတ်နေပြည်သူများ အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်ထား သည်။

ဓာတ်ပုံ- ကျားဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *