လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီ တပ်ဖွဲ့ကို မြောက်ပိုင်းမဟာမိတ် ညီနောင်တပ် ဖွဲ့များက ပိတ်ဆို့ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့ ဘက်ခြမ်းရှိ ကုန်းညောင်ကျေးရွာ အထက် ပိန်းခံရွာအနီးတွင် ယနေ့ မွန်းလွဲပိုင်း ၁၂:၁၀ နာရီအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့ နှင့် မဟာ မိတ်ညီနောင် တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွား လျက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့များက ကန့်သတ်ထားသည့် ကြားနယ်ဇုံအတွင်းသို့ ကျူးကျော်ဝင်ရောက် လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“လားရှိုးမြို့အထက် ကုန်းညောင်ရွာမှာ စစ် ကောင်စီတပ်စခန်းရှိတယ်။ အဲ့ဒီရွာကိုလွန်ပြီး မလှမ်းမကမ်းမှာ ပိန်းခံ ဆိုတဲ့ရွာရှိတယ်။ အဲ့ဒီ ပိန်းခံရွာကို ကြားနယ်ဇုံအဖြစ်သတ်မှတ်ပြီး ဘယ်တပ်ဖွဲ့ကမှ မကျူးကျော်ဖို့ စီးတားထား ကြတယ်။ ဒါပေမဲ့ ဒီနေ့ နေ့ခင်းပိုင်းမှာ စစ် ကောင်စီတပ်ဖွဲ့တွေက အဲ့ဒီကြားနယ်ဇုံသတ် မှတ်ထားတဲ့ ပိန်းခံရွာဘက်ကို စီးကျော်လာကြ လို့ မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေက ဝိုင်းဝန်း ပိတ်ဆို့ပြီး ပစ်ခတ်ကြတယ်။ ခုချိန်ထိ နှစ် ဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။” ဟု ဆိုသည်။

လားရှိုး အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ကနေပြီး လက်နက်ကြီးများ ပစ်ကူပေး လျက်ရှိနေကြောင်းကိုလည်း ၎င်းက ဆက် လက်ပြောဆိုသည်။

“လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်ကနေပြီး လက် နက်ကြီး ပစ်ကူပေးနေတယ်။ ခုချိန်ထိဆိုရင် လက်နက်ကြီး ပစ်နေတာ ၅ ကြိမ်ရှိပြီ။ လက် နက်ကြီး တွေနဲ့ ပစ်ခတ်နေလို့ ဒေသခံ ကျေးရွာ ပြည်သူတွေ စိုးရိမ် ထိပ်လန့်နေကြတယ်။ ရွာ ထဲလက်နက်ကြီးကျည်တွေ ကျကွဲမှာကို စိုးရိမ် နေကြတာပါ။ တိုက်ပွဲ ဖြစ်နေလို့ ပိန်းခံရွာ ပြည်သူ တွေလည်း ရှောင်ပြေးနေကြတယ်။” ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှု သတင်းအချက် အလက်များရရှိရန် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့များဖြစ် သော MNDAA, TNLA, AA တပ်ဖွဲ့များ နှင့် စစ် ကောင်စီ တပ်ဖွဲ့တို့အကြား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ကြားဝင်စေ့စပ်ပေးမှုဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေး နွေးကာ အပစ်အခတ်ရပ်စဲထားပြီးနောက် ယနေ့တွင် ပထမဆုံး ပြန်လည်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *