လှိုင်သာယာ၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ်စုဆောင်းရေး အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရရှိနိုင်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သော အစည်း အဝေး လုပ်နေချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သားတချို့ ဒဏ်ရာရရှိနိုင်ကြောင်း Urban Justic အဖွဲ့ခေါင်းဆောင် Venom ကပြောဆိုသည်။

မတ်လ ၂၅ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်တွင် လှိုင်သာယာမြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စစ်သားများ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ချမ်းသားနှင့် စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်ရန် ဆွေးနွေးနေစဉ် Urban Justic အဖွဲ့က လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လှိုင်သာယာ ၇ ရပ်ကွက် အုပ်ကြီးရုံးမှာ စစ်ခွေးတွေ ရောက်နေချိန် လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်တာ စစ်ခွေး ၃ ကောင် ထိခိုက်မှုရှိတယ်လို့ ကနဦးသိရတယ်။ အုပ်ကြီး ချမ်းသာဆိုတဲ့ကောင်နဲ့ စစ်ခွေးတွေ စစ်မှုထမ်းဥပဒေနဲ့ ပြည်သူဆီက ငွေညှစ်ဖို့ တိုင်ပင်နေတယ်လို့ သတင်းအတိအကျရတယ်” ဟု Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။

လှိုင်သာယာမြို့နယ်မှ ဒေသပြည်သူများကလည်း ယမန်နေ့ည ၉ နာရီ ၅၈ မိနစ်အချိန် မြို့နယ်အတွင်း အလွန်ပြင်း ထန်သော ပေါက်ကွဲသံကို ကြားရကြောင်း ပြောဆိုကြသည်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွား

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ရဲစန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး လူနာတင်ကား ၂ စီး ရဲစခန်းထဲ ဝင်ရောက်သွားကြောင်း Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းကို Urban Justic အဖွဲ့က လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီည သင်္ဃန်းကျွန်း ရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးနဲ့ ဆော်တာ ရဲခွေး ၂ ကောင် သေတယ်။ ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်” ဟု Urban Justic အဖွဲ့ခေါင်းဆောင် Venom က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းအနီးရှိ လမ်းမကို ပိတ်ချထားကာ အင်အားအများအပြားဖြင့် စစ်ဆေးမှု ပြုလုပ်နေပြီး ရဲစခန်းအတွင်း လူနာတင်ကား ၂ စီး ရောက်ရှိကြောင်းသိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *