“မူးယစ်ဆေးဝါး သုံးစွဲကာ အုပ်စုလိုက် လိင်ပျော်ပါးနေတဲ့ စစ်ရှုံးကောင်စီတပ်က အမျိုးသမီး စစ်သည် (ဖာ) များ အရေးယူခံရ”

နေပြည်တော်စစ်ရုံးဝင်းအတွင်း ဗိုလ်ချုပ်သားများနှင့် စစ်ရုံး စာရေးမအဖွဲ့ မူးယစ်ဆေးသုံး ပျော်ပါးမှုကို စုံစမ်းစစ်ဆေးပြီးနောက် အမျိုးသမီး စစ်သည် ၁၅ ဦးနှင့် အမျိုးသားစစ်သည်အရာရှိ ၆ ဦး တို့ကို အရေးယူ

ဆေးစစ်ချက်ရလဒ်များအရ မူးယစ်ဆေးဝါးသုံးစွဲသူ စစ်သည်တချို့ HIV ကူးစက်ခံထားရ

နေပြည်တော်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး တပ်ဖွဲ အရာရှိချုပ်ရုံး(ကက ထုတ်) အတွင်းမှာ ဗိုလ်ချုပ် သားတချို့ နဲ့ စစ်ရုံးက စစ်ဝန်ထမ်းစာရေးမတွေ မူးယစ်ဆေးဝါးသုံးပြီး ပျော်ပါးခဲ့မှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး စစ်သည် ၁၅ ဦးနှင့် အမျိုးသားစစ်သည်အရာရှိ ၆ ဦး တို့ကို စစ်ကောင်စီက အရေးယူလိုက်ပါတယ်။

အဲဒီဖြစ်စဉ်က အခု ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက် ဗိုလ်ချုပ်သားနေအိမ်နဲ့ ကကထုတ်စစ်ရုံး ဝန်ထမ်း တပ်ကြပ်ကြီး စာရေးမတွေနေတဲ့ အပျိုရိပ်သာမှာပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာပါဝင်တဲ့ ကကထုတ်စစ်ရုံးစာရေးမတွေဘက်မှ မူးယစ်ဆေးဝါးကို ဦးဆောင် သုံးစွဲသူ တပ်ကြပ်ကြီးစာရေး ကြည်ကြည်လင်းထိုက်ကို တပ်ပြောင်းအဖြစ် ချက်ချင်းရန်ကုန်ရွှေ့ခဲ့ပေမယ့်လည်း သတင်းဌာနတွေဆီ သတင်းပေါက်ကြားပြီးတဲ့နောက် အရေးယူမှု လုပ်ဆောင်ပါတယ်။

တပ်ကြပ်ကြီး စာရေးမတွေနဲ့ ဗိုလ်ချုပ်သားတွေက မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးကြတဲ့ကိစ္စကို စရဖက ဦးဆောင် မီးခိုး ကြွက်လျှောက် ဖော်ထုတ်ပြီးတဲ့နောက် အမျိုးသားနဲ့ အမျိုးသမီး စစ်သည် ၂၁ ဦးကို အရေးယူတာလည်းဖြစ်ပါတယ်။

စစ်တပ်က အရေးယူလိုက်သူတွေကတော့ ကြည်ကြည်လင်းထိုက်ဦးစီးတဲ့ အမျိုးသမီး တပ်ကြပ်ကြီး စာရေးမ ၁၂ ဦး၊ ဗိုလ်ကြီးအဆင့် အမျိုးသမီးအရာရှိ ၃ ဦး၊ ဗိုလ်ကြီးအဆင့်အမျိုးသား အရာရှိ ၃ ဦး၊ အနားပေးခံလိုက်ရတဲ့ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေယံဝင်းအောင်၊ စခန်းမှူး ဗိုလ်ချုပ်သိန်းဇော်၏ ကိုယ်ရေးအရာရှိ ၊ အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီး ၁ ဦး စုစုပေါင်း ၂၁ ဦးကို အရေးယူတာဖြစ်ပါတယ်။

အရေးယူခံရသူတွေမှာတော့ ဗိုလ်ချုပ်တွေရဲ့ သားတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း သူတို့ကို အရေးယူရာမှာ မူးယစ်ဆေးဝါးမှု မပါဝင်ဘဲ ခွင့်ပြုမိန့်မရှိဘဲ တပ်ပြင်ထွက်မှု၊ လောင်း ကစားမှုတွေနဲ့သာ အရေးယူတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်အတွင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များပြားလာပြီး စရဖက ဖမ်းဆီးမှုတွေ ရှိလာတဲ့အခါ မူးယစ်ဆေးဝါးသုံးစွဲသူ စစ်သည်တွေကို ဆေးစစ်မှုတွေ လုပ်ဆောင်ပါတယ်။ အဲဒီလို ဆေးစစ်တဲ့အခါမှာ တချို့သော စစ်သည် အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာ HIV ကူးစက်ခံရတာတွေလည်းရှိလာနေပါတယ်။

စစ်တပ်မှာ မူးယစ်ဆေးဝါးသုံးစွဲတာ၊ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနေမှုတွေက နေပြည်တော် စစ်ရုံးထဲမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ သားဖြစ်သူလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို မကြာသေးမီက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဖခင်တွေက ထိပ်တန်းဗိုလ်ချုပ်တွေ ဖြစ်တော့ ဖုံးဖုံးဖိဖိနဲ့ ပြီးစီးလိုက်ကြပါတယ်။

နေပြည်တော် စစ်ရုံးဝင်းအတွင်း ဗိုလ်ချုပ်သားတွေနဲ့ စစ်ရုံး စာရေးမ/ဖာ အဖွဲ့တို့ရဲ့ မူးယစ်ဆေးဝါး သုံးစွဲကာ အုပ်စုလိုက် လိင်ပျော်ပါးမှုကို စုံစမ်းစစ်ဆေးပြီးနောက် အမျိုးသမီး စစ်သည် (ဖာ) ၁၅ ဦးနဲ့ အမျိုးသား စစ်သည် အရာရှိ ၆ ဦး တို့ကို စစ်ရှုံးကောင်စီက အရေးယူခဲ့ကြောင်း သိရပါတယ်။

စစ်ရှုံးကောင်စီက အရေးယူခံသူတွေကတော့-

• ကြည်ကြည်လင်းထိုက် ဦးဆောင်တဲ့ တပ်ကြပ်ကြီး စာရေးမ/ဖာ ၁၂ ဦး

• ဗိုလ်ကြီးအဆင့် အမျိုးသမီး အရာရှိ (ဖာ) ၃ ဦး

• ဗိုလ်ကြီးအဆင့် အမျိုးသား အရာရှိ ၃ ဦး

• အနားပေးခံလိုက်ရတဲ့ ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေယံဝင်းအောင်

• စခန်းမှူး ဗိုလ်ချုပ်သိန်းဇော် ရဲ့ ကိုယ်ရေးအရာရှိ

• အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီး ၁ ဦး

စုစုပေါင်း ၂၁ ဦးကို အရေးယူကာ ဖက်ဆစ်စစ်တပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရပါတယ်။

အမှုစစ်ဆေးစဉ် ဆေးစစ်ချက် ရလဒ်များအရ မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသမီး စစ်သည် (ဖာ) များမှာ HIV ကူးစက်ခံထားရကြောင်း၊ ၎င်းတို့ကို အကြမ်းဖက် စစ်တပ်မှ ကန်ထုတ်လိုက်ပေမယ့် မူးယစ်ဆေးဝါး အတူသုံးစွဲကာ လိင်ပျော်ပါးခဲ့သူ ဗိုလ်ချုပ်သားတွေကိုတော့ အရေးယူမှု မရှိကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ – စစ်ရှုံးကောင်စီ လက်အောက်ခံ အမျိုးသမီး စစ်သည်များ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *