ရာသီဥတုကြောင့် တပ်မတော်နေ့အခမ်းအနား ညနေပိုင်းကျင်းပရတာလို့ စစ်ကောင်စီပြော

မတ် ၂၇ ရက်နေ့မှာ ကျရောက်မယ့် ၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရာ သီဥတုအခြေအနေကြောင့် ညနေပိုင်းမှာ ပြောင်းလဲကျင်းပသွားမယ်လို့ စစ်ကောင်စီဘက်က ပြောလာပါတယ်။

အရင်က တပ်မတော်နေ့ကို မနက်ပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ အယ်လ်နီညိုရာ သီဥတုကြောင့် ညနေပိုင်းနဲ့ညပိုင်းမှာ ကျင်းပရတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၆ ရက်နေ့မှာ ဝါဒဖြန့်ပလက်ဖောင်းတွေကနေတဆင့် ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဒီနှစ်မှာကျင်းပမယ့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားရဲ့ ညပိုင်းမှာ လေယာဉ်၊ ရဟတ် ယာဉ်တွေ စွမ်းရည်ပြအလေးပြုပျံသန်းမှုတွေပါဝင်လာမယ်လို့ ပြောဆိုထားပေမယ့် ဘယ်လိုပုံစံနဲ ပြုလုပ်သွားမလဲဆိုတာ အသိပေးထားတာမရှိပါဘူး။

စစ်တပ်အသိုင်းအဝိုင်းရဲ့ အဆိုအရ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ညနေနဲ့ညပိုင်းအချိန်တွေမှာ ပြောင်းလဲကျင်းပတာဟာ လုံခြုံရေးအခြေအနေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိနေတာပါ။

ဒါပေမယ့် စစ်ကောင်စီကတော့ တပ်မတော်နေ့ အခမ်း အနားကို ၁၉၅၄ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ ၁၄ နှစ်တိုင် ညနေပိုင်းအချိန်မှာ ကျင်းပခဲ့ဖူးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာပါဝင်မယ့် စစ်ကြောင်းတွေကို ဒုတိယစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် လာရောက်စစ်ဆေးထားပါတယ်။

Leave a Comment