အရာတော်မြို့ပေါ်ရှိ ရဲစခန်းနှင့် စက်မှုလယ်ယာဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆေးရုံနှင့် စက်မှု လယ်ယာဂိတ်စခန်းတို့ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း BGS Drone Force တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောဆိုသည်။

မတ်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်ကကမ်းပြူကျေးရွာအရှေ့ဘက် ပင်လုံဆီဆိုင် အနီး၌ အကြမ်း ဖက်စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး အရာတော်မြို့ ပေါ်ရှိ ဆေး ရုံကြီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ရုတ်ရုတ်သဲသဲဖြစ်နေချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် ခန့်တွင် အရာတော်မြို့၊အနောက်အထွက် စက်မှုလယ်ယာဂိတ်စခန်းပေါ်သို့ ဒရုန်းဖြင့် KIA ထုတ် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေ ၂ နာရီ ၄၅ မိနစ်အချိန်တွင် အရာတော်မြို့မရဲစခန်းအတွင်းသို့ အကြမ်းဖက်စစ်သား များဝင်ရောက်သွားကြောင်း သတင်းရရှိသဖြင့် လက်လုပ် ၁၂၀ မမ (စလစ်) ဗုံးသီး ၁ လုံးကို ရဲစခန်း အတွင်းရှိ အရာရှိ အဆောင်အနီး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးစိုးရိမ်ရကြောင်း၊ ဒဏ်ရာရရှိသော ရဲများကို ရဲစခန်းနောက်ဘေးပေါက်မှ ဆေးရုံသို့ ပို့ ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ မုံရွာခရိုင် ကွပ်ကဲရေး ၊ မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ တိုက်နယ် ၁၀ နှင့် တိုက်နယ် ၁၁ တို့ ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *