မြင်းတွေအစားထိုး မိန်းမတွေခေါ်, တစ်ပွဲတိုး အမှောင်ည

၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်း နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီနေ့ စစ်ရေးပြပွဲမှာ စစ်လ၊က်နက်ပစ္စည်းတွေ ထုတ်ဖော်ပြသတာမရှိသလို စစ်ရေးပြ စစ်သည်အင်အားလည်း မနှစ်ကနဲ့ ယှဉ်ရင် တထောင်ကျော်လျော့နည်းလာတယ်လို့ ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

စစ်ရေးပြအင်အား ၇,၀၀၀ ‌ကျော်နဲ့အကျဉ်းရုံးကျင်းပတဲ့ အခမ်းအနားမှာ အမျိုးသမီးစစ်သည် အင်အားအများအပြားအသုံးပြုထားတယ်လို့ ဆိုပါတယ်။

နေ့ခင်းပိုင်းပြုလုပ်လေ့ရှိတဲ့ ဒီစစ်ရေးပြအခမ်းအနားကို အာဏာသိမ်းကာလမှာ ညပိုင်းပြောင်းလဲပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

စစ်ရေးပြအခမ်းအနားကို ညဘက်ပိုင်းရွှေ့ဆိုင်းထားတာဟာ ရာသီဥတုအပူချိန်ကြောင့်လို့ စစ်ကောင်စီပြောခွင့်ရက မတ်လ ၂၆ ရက်နေ့ ပြောဆိုထားပါတယ်။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စ၊စ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လက်န၊က်ကိုင်အဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေးအရှိန် အတင်းမာဆုံးအချိန်မှာပဲ တပ်မတော်နေ့ကို အခုလို တမူထူးခြားပြီး စစ်ကောင်စီက ကျင်းပနေတာ ဖြစ်ပါတယ်။

ပုံစာ – ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား မြင်တွေ့ရစဉ်။ [MRTV]


Comments

Leave a Reply

Your email address will not be published. Required fields are marked *