အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံ့အကြီးအကဲအဖြစ် တရုတ်က အသိအမှတ်မပြု

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ မြန်မာစစ်ကောင်စီကို ကာကွယ် ပေးခဲ့တဲ့ တရုတ်နိုင်ငံဟာ သံတမန်ရေးရာအရ ထောက်ခံဖို့နဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို အပြည့်အဝ အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအုပ်စု (ICG) ရဲ့ အစီရင်ခံစာသစ်တစ်ခုအရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အသံတိတ် နေပြီး တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီအပေါ် မကျေနပ်မှုက ပိုမို ရှင်းလင်းလာခဲ့တယ်လို့ ဘယ်လ်ဂျီ ယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်အခြေစိုက် ICG က “Scam Centres and Ceasefires: China-Myanmar Ties Since the Coup” လို့ အမည်ပေးထားတဲ့ မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာက ဖော်ပြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ဆက်ဆံရေး ကောင်းမွန်တဲ့ကာလ အဆုံးသတ်ခဲ့ပြီး ပေကျင်းရဲ့ မဟာဗျူဟာမြောက် စီးပွားရေးစီမံချက်တွေ ကဖျက်ယဖျက်ဖြစ်ခဲ့ရတဲ့ စစ်အာဏာသိမ်းမှုကို တရုတ်နိုင်ငံက သဘောမတွေ့ခဲ့ဘူးလို့ အစီရင်ခံစာက ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုနောက်ပိုင်း စိုးရိမ်ပူပန်မှုကြောင့် စစ်ကောင်စီနဲ့ အ ဆင့်မြင့် တာဝန်ရှိသူတွေအဆင့်မှာ ထိတွေ့ဆက်ဆံမှု တိုးချဲ့ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေး ပုံမှန်ပြုလုပ်တာ သို့မဟုတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်ပြုတာကို ရှောင်ကြဉ်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးဟာ အပြန်အလှန် မယုံကြည်မှုတွေ ရှိနေပြီး စစ်ကောင်စီဟာ တ ရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ စိုးရိမ်နေသလို တရုတ်နိုင်ငံကလည်း မြန်မာကို မယုံကြည် ရသော မိတ်ဖက်တစ်ခုအဖြစ် ရှုမြင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီး ကျော်မိုးထွန်းကို မကန့်ကွက်ခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ပထမဆုံးသော ဆုံး ဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး မပယ်ချခဲ့ဘဲ ကြားနေမဲပေးခဲ့ပါတယ်။

တရုတ်နိုင်ငံက မင်းအောင်လှိုင်ကို နိုင်ငံ့အကြီးအကဲအဖြစ် အသိအမှတ်ပြုဖို့သာမက တရုတ်နိုင် ငံသို့ ဖိတ်ကြားဖို့လည်း ငြင်းဆန်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ကိုးကား – Nikkei Asia Review
Ref; ‘Trust deficit’ betTretwChina and Myanmar’s military, report says


Comments

Leave a Reply

Your email address will not be published. Required fields are marked *