အစ္စလာမ်ဘာသာဝင်တို့ရဲ့ လမြတ် ရမဿွာန်မှာ မတရားမှုကို တော်လှန်ရင်း ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကို နာခံပြီး ဆွလာဟ်ဝတ်ပြုနေတဲ့ အမှတ် (၁၀၀၈)တပ်ရင်း၊ SSRY Eagle Force က ရှေ့တန်းရောက်မြန်မာမွတ်စ်လင်မ်ရဲဘော်နဲ့ ကင်းစောင့်ပေးနေတဲ့ ဗုဒ္ဓဘာသာဝင်ရဲဘော်များရဲ့ ရှေ့တန်းတစ်နေရာက မြင်ကွင်းများကို SSRY Eagle Force က ဖော်ပြထားပါတယ်။
ဖက်ဆစ်စစ်တပ်နဲ့ အာဏာရှင်စနစ်ကို တော်လှန်ခြင်းကို တာဝန်တစ်ရပ်အဖြစ် ခံယူထမ်းဆောင်ရင်း ဘာသာရေးတာဝန်များ မလစ်ဟင်းအောင် ဆောင်ရွက်ကြတဲ့ တပ်ရင်းရဲဘော်အပါအဝင် မြန်မာမွတ်စ်လင်မ်ရဲဘော်များကို ဂုဏ်ပြုတယ်လို့ SSRY Eagle Force က ဆိုပါတယ်။
အခုလို ရဲဘော်ရဲဘက်များအကြား အပြန်အလှန်အလေးထားမှု၊ စောင့်ရှောက်ကူညီမှုများဟာ ပြည်သူလူထုအကြားလည်း ပိုမိုထွန်းကားအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြီး စုံလင်ကွဲပြားမှုကို တန်ဖိုးထားအသိအမှတ်ပြုကာ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှု၊ မတရားမှုမှန်သမျှကို တိုက်ဖျက်ကြဖို့ SSRY Eagle Force က တိုက်တွန်းထားပါတယ်။
ရမဿွာန်ဥပုသ်တော်ကာလအတွင်း ရဲဘော်များအပါအဝင် မြန်မာမွတ်စ်လင်မ်ပြည်သူများအနေနဲ့ အခက်အခဲများအကြား ကြံကြံခံနိုင်စွမ်းနဲ့ ဥပုသ်သီလစောင့်ထိန်းနိုင်စေဖို့ ဆုမွန်ကောင်းတောင်းကြောင်း SSRY Eagle Force က ထုတ်ပြန်ကြေညာထားပါတယ်။
အခုလို အစ္စလာမ်ဘာသာဝင်တို့ရဲ့ လမြတ်ရမဿွာန်မှာ မတရားမှုကိုတော်လှန်ရင်း ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ကိုနာခံလျက် ဆွလာဟ်ဝတ်ပြုနေတဲ့ မိမိတို့ အမှတ် (၁၀၀၈)တပ်ရင်း၊ SSRY Eagle Force မှ ရှေ့တန်းရောက်မြန်မာမွတ်စ်လင်မ်ရဲဘော်နဲ့ ကင်းစောင့်ပေးနေတဲ့ ဗုဒ္ဓဘာသာဝင်ရဲဘော်များ ရဲ့ ရှေ့တန်းတစ်နေရာမှမြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဖက်ဆစ်စစ်တပ်နဲ့ အာဏာရှင်စနစ်ကို တော်လှန်ခြင်းအား တာဝန်တစ်ရပ်အဖြစ် ခံယူထမ်းဆောင်ရင်း ဘာသာရေးတာဝန်များမလစ်ဟင်းအောင် ဆောင်ရွက်ကြတဲ့ မိမိတို့ရဲဘော်အပါအဝင် မြန်မာမွတ်စ်လင်မ်ရဲဘော်များကို ဂုဏ်ပြုအပ်ပါတယ်။
ယခုကဲ့သို့ ရဲဘော်ရဲဘက်များအကြား အပြန်အလှန်အလေးထားမှု၊စောင့်ရှောက်ကူညီမှုများ ပြည်သူလူထုအကြားတွင်လည်း ပိုမိုထွန်းကားအောင် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းလျက် စုံလင်ကွဲပြားမှုကို တန်ဖိုးထားအသိအမှတ်ပြုပြီး ခွဲခြားဆက်ဆံမှု၊ဖိနှိပ်မှု၊မတရားမှုမှန်သမျှကို တိုက်ဖျက်ကြပါစို့လို့ နှိုးဆော်လိုက်ရပါတယ်။
ယခုကဲ့သို့ ရမဿွာန်ဥပုသ်တော်ကာလအတွင်း ရဲဘော်များအပါအဝင် မြန်မာမွတ်စ်လင်မ်ပြည်သူများအနေဖြင့် အခက်အခဲများအကြားမှ ကြံကြံခံနိုင်စွမ်းဖြင့် ဥပုသ်သီလစောင့်ထိန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
SSRY Eagle Force