ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း စစ်သား ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော ပုလဲမြို့မရဲစခန်းနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း 96 Solider အညာဒေသတပ်ဖွဲ့က ထုတ်ပြန်သည်။

မတ်လ ၂၇ ရက်နံနက် ၈ ခွဲခန့်စတင်၍ အကြမ်းဖက်စစ်သားများတပ်စွဲထားသည့် ပုလဲမြို့မရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မွန်းလွဲ ၁ နာရီအထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၈ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထောက်တိုင် လဝကရုံးအတွင်းမှ ပစ္စည်း အချို့ သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ 96 Soldiers – PDF (အညာဒေသ)မှ ရဲဘော် ၃ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုတိုက်ခိုက်မှု ကို 96 Soldiers – PDF(အညာဒေသ)၊ ကျားသစ်နက်တပ်မတော် Black Leopard Army ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက် တပ် မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြောက်ကျားတပ်ဖွဲ့၊ ဒို့အညာပြောက်ကျားတပ်ဖွဲ့ နှင့် Scarlet တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် မတ်လ ၂၇ရက်နေ့ မနက်ပိုင်းတွင် 96 soldiers – PDF (အညာဒေသ)မှ ရဲဘော်များသည် ​​နယ်မြေခံ တော်-လှန်ရေးတ-ပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်-စွဲထားသော အကြမ်းဖ-က်စ-စ်တ-ပ်အား ဝင်ရောက် တို-က်ခို-က်ခဲ့သည်။

တို-က်ပွဲဖြစ်စဉ်မှာ 96 soldiers – PDF(အညာဒေသ)နှင့် နယ်မြေခံ တော်လှ-န်ရေးတ-ပ်ဖွဲ့များမှ ရဲဘော်များသည် မနက် ၈နာရီခွဲမှ နေ့လည် ၁နာရီထိ စုစုပေါင်း တို-က်ပွဲ ဖြစ်ပွားချိန် ၄နာရီခွဲကြာ တိုက်ခိုက်ခဲ့ပါသည်။ ထို့နောက် မြို့အတွင်းမှအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါသည်။ တို-က်ပွဲတွင်း ရန်-သူ့ဘက်မှ ၈ ဦး​ေ-သ-ဆုံးပြီး ၅ ဦး ဒဏ်ရာရှိသည် ဟုသိရှိရပါသည်။ ကျွန်တော်တို့ 96 Soldiers – PDF(အညာဒေသ)မှ ရဲဘော် ၃ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပူပေါင်းတ-ပ်ဖွဲ့ထဲမှ ၁ယောက် စုစုပေါင်း ၄ ဦး ထိခို-က်ဒ-ဏ်ရာ ရရှိခဲ့ပါသည်။

အဆိုပါတို-က်ပွဲကို ကျွန်တော်တို့ 96 Soldiers – PDF(အညာဒေသ)အပါအဝင် ကျားသစ်နက်တ-ပ်မတော် Black Leopard Army ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း၊ ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ ၊ တိုးနယား တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ ယင်းမာပင်ခရိုင် အမှတ် ၂၉ တပ်ရင်း၊ ဒေါင်းမင်း ပြော-က်ကျားတပ်ဖွဲ့၊ ဒို့အညာပြော-က်ကျားတပ်ဖွဲ့ နှင့် Scarlet တပ်ဖွဲ့ တို့ ပူးပေါင်းကာ တို-က်ခို-က်ခဲ့ခြင်းဖြစ်ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *