မတ္တရာတွင် စစ်မှုထမ်းဆင့် ခေါ်ရေး လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် လက် ဖက်ရည်ဆိုင်ထိုင် နားနေသည့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် လူငယ်များကို လိုက်လံစုဆောင်းမှုများ လုပ်ဆောင်ပြီးနောက် လက်ဖက်ရည်ဆိုင်ထိုင်နားနေသည့် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေး ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် စစ်တပ်ထောက်ခံသော သတင်းဌာနများထံမှ သိရှိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မတ္တရာမြို့နယ် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပိုက်ထွေးသည် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ပြီးနောက် ဆိုရှယ်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက် နားနေစဉ် ပစ်ခတ်ခံရကြောင်း၊ လူငယ် ၃ ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး ဆေးစစ်ရမယ့် စစ်မှုထမ်းဆင့်ခေါ်တဲ့စာတွေကို လိုက်ပို့ပြီး အပြန် လက်ဖက်ရည်ဆိုင် ဝင်ထိုင်တာ။ အဲဒီမှာ အပစ်ခတ်ခံရတာလို့ ပြောတယ်။ စစ်မှုထမ်းခေါ်ဖို့ တက်ကြွနေတာ သူက ထိပ်ဆုံးကပဲ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပိုက်ထွေးသည် သေဆုံးချိန်တွင် အသက် ၆၂ နှစ်ရှိနေပြီဖြစ်ပြီး ပစ်ခတ်ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်တပ်က မြို့နှင့်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မသေခင် လက်ဘက်ရည်ဖိုး မရှင်းခဲ့ပဲ စွကြွေး သောက်သွားတဲ့ အုပ်ကြီး ပိုက်ထွေး”

မတ်လ ၂၉ ရက်နေ့ ဒီကနေ့ မနက် ၁၀ နာရီခန့် အချိန်က မန္တလေးတိုင်း၊ မတ္တရာမြို့ အမှတ် (၂) ရပ်ကွက် အုပ်ကြီး ပိုက်ထွေး လ္ဘက်ရည်ဆိုင် ထိုင်နေစဉ် တော်လှန်ရေး ရဲဘော်တွေက ပစ်သတ်ပြီး ငရဲကို ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ အုပ်ကြီး ပိုက်ထွေးဟာ ရပ်ကွက်ထဲက လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်စာ ပို့ပြီး ပြန်အလာမှာ လက်ဘက်ရည် စွကြွေး သောက်သွားရင်း မသာပေါ်ခဲ့တာပါ။

ပိုက်ထွေးရဲ့ လက်ဘက်ရည်ဖိုးကို သူ့မယားက လာမဆပ်ဘူးဆိုရင် ပိုက်ထွေးမယားကို ယူမယ့် လင်ငယ်ဆီမှာ အကြွေးတောင်းမယ်လို့ လက်ဘက်ရည်ဆိုင် ပိုင်ရှင်က ပြောဆိုနေကြောင်း သိရပါတယ်။

မတ္တရာမြို့နယ်၊ ၂ ရပ်ကွက် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပိုက်ထွေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ၂ ရပ်ကွက် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပိုက်ထွေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရရှိပါသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပိုက်ထွေးဆိုသူသည် ယနေ့မနက် ၁၀ နာရီဝန်းကျင်အချိန်၌ လ္ဘရည်ဆိုင်မှာ လ္ဘရည်သောက်နေစဉ် အမည်မသိလူတစ်စုမှ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်သွားသဖြင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *