ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်

ရန်ကုန်ရှိ မြို့နယ် ၅ ခုတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ယနေ့ မတ်လ ၂၉ ရက်နေ့ ညပိုင်းတွင် မြောက်ဥက္ကလာမြို့နယ် ၊ လှိုင်မြို့နယ် ၊ အင်းစိန်မြို့နယ် ၊ မင်္ဂလာဒုံမြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့် သေနတ် ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ည ၈ နာရီကျော်လောက်က မြောက်ဥက္ကလာမှာ ဗုံးပေါက်တာ ၅ လုံးလောက်ရှိပြီ သေနတ်သံတွေလည်း ကြားရတယ်။ အိမ်ပါလှုပ်သွားတယ် အသံအကျယ်ကြီးပဲ။ လှိုင်မြို့နယ်မှာ ၈ နာရီကျော်လောက်က ပေါက်ကွဲသံ ၃ ကြိမ်ကြားရတယ်။ နောက်ဆုံး အလုံးကတော့ တော်တော်ပြင်းတယ်။ အိမ်တောင်လှုပ်သွားတယ်။ အင်းစိန်မြို့နယ်မှာလည်း ပေါက်ကွဲသံ ကြားရတယ်။ တော်တော်ကျယ်တယ်။ မင်္ဂလာဒုံ လေတပ်ဝင်းထင်တယ်။ အသံက တော်တော်ကျယ်တယ်။ မြေပါ လှုပ်တယ်။ သင်္ဃန်းကျွန်းမှာလည်း ဗုံးပေါက်တယ် အသံကျယ်တယ်” ဟု မြို့နယ်နေ ပြည်သူများက ပြောဆိုသည်။

လူငယ်များကို စစ်သားအဖြစ် စုဆောင်းရေး စီစဉ်ညွှန်ကြားနေသော ရန်ကုန်မြောက်ပိုင်းခရိုင် ထွေ/အုပ်ရုံး အပါအဝင် နေရာ ၃ ခုကို ၅ ကြိမ်ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား တချို့ ထိခိုက်

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေကို အဓိက ညွှန်ကြားနေသော မြောက်ပိုင်းခ ရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းများ အသုံးပြုပြီး မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Anonymous Fighters Force-AFF ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့မတ်လ ၂၉ ရက် ည ၈ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၃၄ မိနစ်တွင် တစ်ကြိမ် အင်းစိန် မြိုနယ်အတွင်းရှိ စစ်မှုထမ်းဥပဒေကို အဓိကထား စီစဉ်ညွှန်ကြား နေသော မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးကို ၃ ကြိမ်တိုင်တိုင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်၄ နာရီ မိနစ် ၅၀ အချိန်ခန့်က လှိုင်သာယာ အနောက်ပိုင်း မြို့နယ်အတွင်း စစ်မှုထမ်းဆင့်ခေါ်ရေး အခြေခံထောက်တိုင်ဖြစ်သော ရိုလေးကျေးရွာ ရာအိမ်မှူး ညိုဝင်း၏ နေအိမ်နှင့် စစ်ကောင်စီ အသိမှတ်ပြု ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွင်းပဒံ လူမိုက် ဇော်ဦး၏ နေအိမ်တို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့မနက် ရိုးလေးကျေးရွာ သဇင် ၃ လမ်းနေတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ထောက်တိုင် ရာအိမ် မှူး ညိုဝင်းရဲ့ နေအိမ်ခြံအတွင်း ဗုံးပေါက်ကွဲမှုက အိမ်ရှေ့ ဗူးစင် ပြိုလဲသွားတယ်၊ အိမ်ရှေ့ နေအိမ် မျက်နှာမှန်တွေလည်း ပျက်ဆီးသွားတယ်လို့ သိရတယ်၊ အဲဒါကြောင့် အကြောက်လွန်ပြီးလူမိုက်တွေ ရော ရပ်ကျေးတွေရော လုံခြုံရေးတွေအများကြီး ချနေတယ် သိရှိရပါတယ်၊ အတွင်းပဒံရပ်ကွက် က ပျုစောထီး လူမိုက်ဇော်ဦးရဲ့ နေအိမ် ဗုံးကွဲမှုကတော့ နေအိမ် ပက်ချာလည်မှာ CCTV တွေ တပ်ဆင်ဖို့ လုပ်ဆောင်နေသလို ခြံစည်းရိုးအမြင့်တွေ တည်ဆောက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်” ဟု Anonymous Fighters Force-AFF ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို Anonymous Fighters Force-AFF ၊ Rangoon Urban Force-RUF နှင့် Freeland Attack Force-FLA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မိဘပြည်သူလူထုအား နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေသော စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် ပစ်မှတ်ထောက်တိုင်များကို စစ်ရာဇဝတ်သားများအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊ ဖြစ်ပါ၍ စစ် ရာဇဝတ်သားများကို ယနေ့မှစ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်း အရေးယူသွားမည်ဖြစ် ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက အသိပေးထားသည်။

၂၀၂၄ မတ်လ ၂၉ရက်နေ့၊ ဒီကနေ့ည ၈ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေအား အဓိကထား စီစဉ်ညွှန်ကြားနေသော မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအား မိမိတို့ Anonymous Fighters Force-AFF ၊ Rangoon Urban Force-RUF နှင့် Freeland Attack Force-FLA တို့မှ ပြင်းအားမြင့် မိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ ည ၈နာရီ ၁၂ မိနစ်တွင် တစ်ကြိမ် ၊ ၈ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၃၄ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ဒီကနေ့ မတ်လ ၂၉ ရက်နေ့ မနက်၄ နာရီ မိနစ် ၅၀ အချိန်ခန့်တွင်လဲ လှိုင်သာယာ အနောက်ပိုင်းမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အခြေခံထောက်တိုင် ရိုလေးကျေးရွာ ရာအိမ်မှူး ညိုဝင်း၏ နေအိမ်နှင့် စစ်ကောင်စီ အသိမှတ်ပြု ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွင်းပဒံ လူမိုက် ဇော်ဦး၏နေအိမ်တို့အား မိုင်းများအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ပေါက်ကွဲမှု မစ်ရှင်များအတွင်း ရန်သူ့ဘက်မှ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ပြီး မိမိတို့ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီလဲ ဖြစ်သည်။

မိမိတို့အင်အားစုအနေဖြင့် အများပြည်သူလူထုအား နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေသော စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့်ပစ်မှတ်ထောက်တိုင်များအား စစ်ရာဇဝတ်သားများအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။သို့ဖြစ်ပါ၍ ထိုစစ်ရာဇဝတ်သားများအား ယနေ့မှစ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်း အရေးယူသွားမည်ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *