လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးထဲတွင် ဘောမ အောင်ခိုင် လင်မယား နှစ်ဦး နှင့်အခြားဘောမ များပူးပေါင်းကာ ‌ State show ပွဲကျင်းပနေ

လှိုင်မြို့နယ်၊ ဘုရင့်နောင် စစ်ကြောရေးအတွင်း ယနေ့ညနေပိုင်းမှစ၍ ဘောမ အောင်ခိုင် လင်မယား နှစ်ဦး နှင့်အတူ ‌အခြားဘောမများ State show ပွဲကျင်းပနေကြောင်း ပြည်သူတစ်ဦးမှ သတင်းပေးပို့လာပါသည်။

စစ်ကြောရေးထဲမှာ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ထားသော ပြည်သူများလည်း ရှိနေပါသည်။ထိုစစ်မှုထမ်းရန် ရောက်ရှိနေသူများထဲတွင် အသက်မပြည့်သော ကျောင်းသားအရွယ် လူငယ်များလည်းပါကြောင်း သိရပါသည်။

အကြမ်းဖက် ကျွန်စစ်သားများမှ ဘုရင့်နောင်လမ်းမပေါ်တွင် အင်အားအများအပြားဖြင့် လုံခြုံရေး ယူထားပေးပြီး နိုင်ငံအနှံ့စစ်ရေးရှုံးနိမ့်နေသော မုဆိုးမတပ်မဒေါ်နေ့အခမ်းအနားကျင်းပနေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *