နပတ ၀င်ရင် ရပြီ လူမရှိ လနက်မရှိ !

မြောက်ဒဂုံဘက်မှာ မနေ့ညနေက တချို့ရပ်ကွက်က အုပ်ကြီးတွေကို ဖမ်းသွားကြတယ် လူမပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တချို့အုပ်ကြီးတွေက နုတ်ထွက်တော့မယ်ကြားတယ် ပြေးသူပြေးနဲ့ဆိုတော့ မပြေးခင် ၀င်ဖမ်းချုပ်တဲ့သဘော အုပ်ကြီးတွေလည်း စကစက ဖိအားပေး UG ‌PDF ‌တွေကလည်း ရုံးကိုစာပို့ သတိပေးဆိုတော့ အဿေမခံပဲ ပြေးကြပြီပေါ့ ဒါက ဖြစ်သင့်ဆုံး အမှန်တရားပဲလေ

နောက်ကိုယ်နဲ့သိတဲ့ နပတက ဗကတစ်ယောက် အစက သူက ရိုးရိုးပေါ့ နောက်မှ ကိစ္စတွေဖြစ်ပြီး သင်တန်းပြီးတာနဲ့ နပတမှာပဲ နေရတာ သူ့ကို စိတ်လည်းမဝင်စားသလို သတိတောင်မထားမိဘူး မနေ့က သူ့သတင်းကြားတယ် သူက နပတမှာဆိုတော့ ရှေ့တန်းမသွားရဘူး သက်သာတယ်ပေါ့ဗျာ သူ့ဘော်ဒါ အဖွဲ့က ငါးယောက်ရှိတာ အကုန်ကျကုန်တာပဲ ခု သူနဲ့ တစ်ယောက်ပေါင်း နှစ်ယောက်ပဲ ရှိတော့တယ် မဿေပဲ ကံကောင်းနေဆဲပေါ့

အခုတော့ ကံဆိုးပြီလားမသိ ရှေ့တန်းတက်ရမယ့် list ထဲ သူပါလာပြီဆိုတော့ သူလည်းပြင်ဆင်နေရတယ်တဲ့ ဒီကောင်တွေကို မအလက ဘယ်လိုထားလည်းဆို အချုပ်သားနဲ့ မခြားပဲတဲ့ ဗကတွေ ဗမတွေ ရာထူးသာရှိနေကြတာ တပ်ဝန်းထဲမှာ ဖုန်းမသုံးရ မိဘနဲ့အဆက်အသွယ်ဖြတ်ထားခံရတော့ သတင်းမသိ ဖုန်းအဆက်သွယ် လုပ်မရပေါ့

နောက် ဒီကောင်တွေကို ထားတာ ခိုင်းတာက နေ့တိုင်းတစ်ခုပြီးတစ်ခု ဇယ်ဆက်သလိုတာ၀န်ပေးတာ လူမရှိတာလည်းပါသလို အဓိကက ပုံစံသွင်းတာပေါ့ စဥ်းစား တွေးတောချိန်မပေးဘူး အမှန်အမှား ဓမ္မ အဓမ္မတွေ မရှိ မသိစေရဘူး ဒါပြီးဒါ ဒါပြီးဒါလုပ် ဘာညာနဲ အထက်အမိန့်အရပဲ နာခံရမယ် လုပ်ရမယ်ဆိုတဲ့ ပုံစံနဲ့ နိစ္စဓူ၀ ငရဲခန်းမှာ အကျဉ်းကျသလို ချထားတယ်

အဲ့တော့ ထွက်ပြေးမရ သတင်းအချက်လက် မသိရနဲ့ ရာထူးရှိနေတာတွေ ဘာတွေ မသိဘူးပဲ ချွေးတပ်စခန်းလို အဿေခံ တပ်သားတွေအဖြစ် ပုံစံသွင်းခံနေရတယ် ရှိသမျှ တောက်လျောက် မနားတမ်း တာဝန်တွေခိုင်းတယ်ပေါ့ဗျာ

အခုတောင် တဆင့်ခံနဲ့မို့ ဒီသတင်း ကိုယ်သိရတာ ဆိုလိုတာက နပတမှာ လူမရှိတော့ဘူး အရင် ချောင်ချောင်လည်လည်နေနေကြတဲ့လူတွေတောင် ထုတ်သုံးနေရပြီ ဆိုတော့ အခြေအနေမကောင်းတော့ဘူး

အခု ကျန်နေတဲ့လူတွေကလည်း သင်တန်းဆင်းခါစ အချောင်နေချင်သူတွေ ရှေ့တန်းမထွက်ရဲသူတွေနဲ့ လက်ကျန် အဆီယစ်ဇိမ်ကျနေပြီး စစ်ရေးအတွေ့အကြုံရှိပေမယ့် ကိုယ်၌ စစ်မတိုက်တတ်တော့တဲ့ မတိုက်ပဲ လေနဲ့သာ အောက်ခြေကို ထိုးကြွေး တိုက်ခိုင်း အဿေခံခိုင်းနေတဲ့ လူတွေကြီးပဲ ပြောရမယ် (လက်ဖက်ခြောက်နဲ့ တန်းတူလို ကောင်စားတွေပေါ့)

ခု မအလရော စိုး၀င်းရော စစ်မှမတိုက်တတ်တာ စစ်ရေး ကျွမ်းကျင်သူ ဗျုဟာမှူး တိုင်းမှူးတွေလည်း အကုန်ဖြု-တ်ထု-တ်ဿ-တ်နဲ့ လက်တွေ့မှာလည်း စစ်ရေးရှုံးနေကြတော့ တိုက်ရဲ သေရဲ ကာကွယ်ပေးနေတဲ့လူက တစ်စုလောက်ပဲ ရှိတော့တယ် ဒါလည်း ဘယ်လိုသူတွေလည်းဆိုတာ ဉာဏ်နည်းတဲ့ စခ ရခ ပျုတွေနဲ့ ခုလို အချုပ်ခံ စိတ်သင်းကွပ်ခံထားရသူတွေပဲဆိုတာ သိစေချင်တယ်

အခု ရှေ့တန်းသွားရမယ့်သူဆို သူ့မိန်းမဆို (non ) ဒါမဲ့ အလုပ်မသွားရတော့ဘူး တပ်ဝန်းထဲမှာပဲ ခေါ်ထည့်ထားတယ် တခုခုဆို လက်နက်ချ အလင်းဝင်မယ်ဆို မဖြစ်အောင် ဓါးစာခံသဘော ဖမ်းချုပ် ခေါ်ထားတဲ့ သဘောပဲ ဒါကြောင့် သွားမယ့်ကောင် ကြည့်တော့လည်း အားက မရှိ နဲ့ သွေးပျက်နေတယ် ပါးစပ်ကတော့ တာ၀န်အရ လွန်ဆန်မရ အထက်မိန့်အရ သွားရမယ် တိုက်ရမှာပဲ သေလည်းသေပေါ့ ဘာညာနဲ့ အာချောင်နေတာပဲ

ကိုယ်တောင် ပြောမိသေး လနက်ချ အလင်းဝင်ပေါ့ဆိုတော့ မရဘူး နည်းလမ်းမရှိဘူးပြောတယ် ဒီလို သင်းကွပ်ခံ ဦးနှောက်နဲ အလင်းဝင်ဖို့ မစဥ်းစား မတွေးတောကြ မအလလိုသူကို တခါလေးတောင် ပြန်လှန်ဖို့ မစဥ်းစားရဲပဲ အမိန့်ပေးတာနဲ့ မလုပ်ချင်တောင်လုပ်ရ သေပေးမယ်ဆိုပြီး သတ္တိမရှိ အသေကြခံရဲဖို့ တွေးနေတဲ့ကောင်တွေ ကျသွား အေးတာပဲလို့တောင် တွေးမိသေးတယ် ဆန်ကုန်မြေလေး အကျိုးမရှိတွေ ဘာထူးမှာလဲ ဆက်ရှိနေလဲ သုံးစားမရနဲ့ စိတ်အမှောင်ဖုံးလွှမ်းနေတဲ့ ဘရိမ်း၀ပ်ခံ သားကောင်အဆင့်တွေ

သွားရမည့်နေရာကလည်း ပြန်လမ်းမရှိဘူး ခု တပ်တွေ တစ်ခုပြီး တစ်ခုပို့ သေကြ ကျိုးကြနဲ့ ပြန်လာတာ အနဲစုပဲ ခုဆို အချောင်နေတဲ့ ဗကအငယ်တွေတောင် ထုတ်သုံးလာကြရပြီ သင်တန်းဆင်း ၆၀၀ ကျော် ဟိုပုံးဘက်ကို ပို့ထားတာ တွေ့တယ်မလား လူမရှိတော့လို့ အသစ်တွေနဲ့ ကြားညှပ် အကုန်ထုတ်သုံးလာနေပြီ နောက် ပြောတာကြားတာ သူတို့က တတိယအသုတ်တဲ့ နပတက သွားရတာ ရှေ့အသုတ်တွေလည်းကုန်ပြီတဲ့ ရှေ့မှာ အကုန်ကျ ဿေတာပဲ

အဲ့ကောင်တစ်ကောင်ထဲကြောင့် သူ့မိဘရော CDM မောင်နှမတွေပါ ဒုက္ခဆိုက်နေတာတော့ ချန်ခဲ့မယ် သားက စစ်ဗိုလ်ဖြစ်နေတာနဲ့ မိသားစုလိုက် ငရဲကျ ဒုက္ခဆိုက်နေတာ ဘယ်မှာလဲ မအလ လက်ထက် ငါက ဗိုလ်ကြီး ဗိုလ်မှူးဆိုပြီး ဂုဏ်ယူ မာန်တတ် မော်ကြွားပြနိုင်တာမျိုး ခု မရှိကြတော့ဘူးမို့လား မိဘတွေတောင် သူ့သားက ဗိုလ်ကြီးပါ မကြွားရဲတော့ဘူး စိတ်ဆင်းရဲ ဿေနေကြရပြီ နေ့စဉ် ဒါကြောင့် NUG PDF တွေ အနေနဲ့ နပတ အခြေနေ အတွင်းစည်း တပ်ပြိုနေမှုကို သိအောင် ချပြနေခြင်းပဲဖြစ်တယ်

ပြောရရင် မအလ တပ်ပျက်ညလုပ်တုန်းက လမ်းလျောက်အဖွဲ့တွေထဲမှာ ယောကျ်ားတွေတောင်မှ တကယ့် တပ်သားအစစ်တွေမဟုတ်ဘူ အဲ့မှာလျှောက်ဖို့ နပတမှာရှိတဲ့ ရုံးတွေကနေ တစ်ဌာန လူ ဘယ်လောက်ပေးပါတောင်းတာ မပေးမနေရပဲ အဲ့တော့ ဘယ်လိုပေးကြလဲဆို မဲနှိုက်ကြသလားမသိဘူး ပါလာတဲ့ ဝန်ထမ်းတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေလည်းပါတယ်

တလရ နေ့မတိုင်ခင် တစ်နေ့တာကို သုံး နာရီဝန်းကျင်ထပြီး လေးနာရီလောက်မှာ လမ်းလျှောက် ကွင်းထဲ သွားလေ့ကျင့်ရတာ ပါလာတဲ့ အစားအသောက် ဖုန်းပါမချန် ဝင်ပေါက်မှာ အပ်ခဲ့ရတာ လေ့ကျင့်ပြီး ကျွေးတော့ ကောက်ညှင်းထုတ် တစ်ဆုတ်နဲ့ရေတစ်ဘူးပဲ ပေးတယ် ကြာတော့ နှလုံးရောဂါအခံရှိတဲ့သူတွေ အဓိက မိန်းကလေးပေါ့ ကွင်းထဲမှာ လဲကျ သေတယ်

အဲ့သတင်းတွေ ဖုံးဖိထားကြတယ် အတွင်းသတင်းဆိုတော့ ဘယ်နှယောက်တောင်လဲတော့ မသိပေမဲ့ တစ်ကယ်ဖြစ်ခဲ့ကြတာဆိုတာပါပဲ အဲ့တော့ နပတ မအလမှာ လူရော လနက်ရော မရှိကြဘူး ရသိသလောက် ရေးပြောပြီးပြီ ဘာလုပ်ကြမလဲဆိုတာပါပဲ ဆက်ပြီး သင်တန်းကျောင်းတွေ အလှည့် ပြောပြမယ် သိရသလောက် လေ့လာပြီး ဗျ-င်းနိုင်အောင် ပြင်ဆင်နိုင်ကြဖို့ပေါ့လေ !

ဥက္ကာရာဇထွဋ်ကျော် ⚜️


Comments

Leave a Reply

Your email address will not be published. Required fields are marked *