ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ် အတွင်း စစ်တပ်၏ ရိက္ခာပို့ စက်လှေ ၃ စီးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်အတွင်းရှိ ရိက္ခာပို့စက်လှေ ၃ စီးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဒီပဲယင်း) မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကား ကျေးရွာသို့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဥဒိန်ဘက်မှ ကူးလာသည့် ရိက္ခာပို့ အကြမ်းဖက် စစ်လှေ ၃ စီးကို ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်း ၊ ရွှေဘိုခရိုင်၊ ပ.က.ဖ လှုပ်ရှားတပ်ဖွဲ့ဦးဆောင်မှုဖြင့် Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး ဒရုန်းများဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ဘက်ကို ကူးလာတာ၊ ကျနော်တို့ နယ်မြေမဟုတ် တော့ ခွေးသေထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊ ကျနော်တို့ ဒရုန်း ၂ စီးဆုံးရှုံးခဲ့တဲ့အတွက် မိဘပြည်သူ တွေကို ထပ်မံအကူအညီတောင်းချင်ပါတယ်” ဟု မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (ဒီပဲယင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မတစ်ထောင် တစ်ကောင်ဘွား ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဒီပဲယင်း)၊ SHAR HTOO WAWနည်းပညာတပ်ဖွဲ့ Team 6 ၊ Drop For Justice -DFJ အဖွဲ့၊ Yaung Ni Shwebo ပြည် သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘို)၊ ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ နယ်စည်း မခြား ဗိုလ်ပျံလွှား ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်) နှင့် ကိုးတောင်ကျား ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ဝက်လက်) တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *