ထားဝယ်၊ ၃၀၂ အမြောက်တပ်ရင်းသို့ မြေသယ်ကား ၂ စီးဖြင့် စစ်သားများ တင်ဆောင် အင်အားလာဖြည့်သော ယာဉ်တန်းကို တိုက်ခိုက်မှု ကား ၁ စီး တိမ်းမှောက်သွားပြီး စစ်သား ၄၀ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမြောက်တပ် ၃၀၂ တပ်ရင်းသို့ စစ်အင် အားဖြည့်တင်းရန် လာ ရောက်သည့် မြေသယ်ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၁ စီးလမ်းဘေးထိုးကျတိမ်းမှောက် သွားပြီး ကားပေါ်ပါ စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

ယမန်နေ့ မတ်လ ၃၁ ရက် နံနက် ၇ နာရီမိနစ် ၃၀ ခန့်က ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ဘက်မှ ရေး – ထားဝယ် လမ်းမကြီးပေါ်အတိုင်း ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းသို့ စစ်အင်အား ဖြည့် တင်းရန် မြေသယ်ကား ၂ စီးဖြင့် လာရောက်သည့် အကြမ်းဖက်စစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ ကား ၁ စီးလမ်းဘေးထိုးကျတိမ်းမှောက်သွားခဲ့ပြီး ကားပေါ်ပါ စစ်သား ၄၀ ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကလိန်အောင်ဘက်ကနေ ထားဝယ်ဘက်ကို လာတာဗျ၊ ကျနော်တို့ သိရတဲ့အချိန်ဆို ရေပုံး လောက် ရောက်နေပြီ၊ လက်နက်ငယ်တွေနဲ့ ထိုးပစ်တာ၊ ကားမှောက်သွားတဲ့အချိန်မှာ ၄၀ မမနဲ့ ထပ်ပစ်လိုက်တယ်၊ နောက်က လိုက်တဲ့ကားကို တိုက် ခိုက်ခဲ့တာ၊ ရှေ့ကားက ဇဟာကျေးရွာကို ရောက်သွားတာ၊ လက်နက်တွေတော့ မရလိုက်ဘူး၊ အဲဒီကားတစ်စီးမှောက်တဲ့အချိန်မှာ ရှေ့ကနေ ကျော် သွားတဲ့ကားကကောင်တွေ ပြန် ရောက်လာတာ” ဟု ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦး ကပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ နှင့် ဗထူးတပ်မ တော် -BHA တပ်ဖွဲ့တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်အား စစ်ရေးအရှိန်မြင့်ကာ အမြစ်ပြတ် တိုက်ခိုက်ချေမှုန်း သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊ သတိ ဖြင့် သွားလာနေထိုင် ကြ ရန် နှင့် ပြည်သူကာ ကွယ်ရေးအဖွဲ့များမှ တရားဝင်အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များကို လေးစားလိုက်နာကြရန် မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီးများ ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ကျရှုံးမှုပေါင်းများစွာ ဖြင့်ရင်ဆိုင်နေရသည့် အကြမ်းဖက်အာဏာသိမ်းစစ်တပ်အား စွန့်ခွာ၍ ပြည်သူ့ရင်ခွင်အမြန်ဆုံး ခိုလှုံ ဝင် ရောက်ကြရန် ဗထူးတပ်မတော် – BHA က အလေးနက်ထား တိုက်တွန်းထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *