မှော်ဘီမြို့နယ်ရှိ ခမရ ၃၁၃ စစ်တပ်ဂိတ်နှင့် စစ်မှုထမ်းအိမ် ရာ ဂိတ်ကို ပစ်ခတ်တိုက် ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ သံဒေပင်ကျေးရွာ ခမရ ၃၁၃ တပ်ဂိတ်နှင့် စစ်မှုထမ်းအိမ်ရာဂိတ် ၂ ခုကို ယနေ့ နံနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း Mother Son Yangon တပ်ဖွဲ့မှ ဗိုလ်နိုင်ကပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မှော်ဘီမြို့နယ်၊ သံဒေပင်ကျေးရွာ ခမရ ၃၁၃ တပ်ရှိ ဂိတ်ပေါက်နှင့် စစ်မှုထမ်းဟောင်းအိမ်ရာဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဂိတ်အနားရှိ အမျိုးသမီး ၁ ဦး ခြေထောက်ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ကျနော်တို့ Mother Son နဲ့ သေမင်းတမန်တပ်ဖွဲ့၊ Freedom (UG) တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ မစ်ရှင်ပြီးတော့ သူတို့ စစ်တပ်အိမ်စီးကားတွေနဲ့ဆင်းလာပြီးတော့ ပြည်သူ့ကားတွေကို စစ်ဆေးတယ်” ဟု Mother Son Yangon တပ် ဖွဲ့မှ ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မှော်ဘီမြို့နယ်မှ ပြည်သူများကလည်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန် ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲသံ ၂ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်းပြောဆိုကြသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က မှော်ဘီမြို့နယ်တွင် ပိတ်ဆို့စစ်ဆေးနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *