စိန်လုံဗျူဟာကုန်း ~ Sold Out ✅

မိုးမောက်မြို့နယ်၊ လွယ်ဂျယ်အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာ စစ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိ၊

ဗန်းမော်-လွယ်ဂျယ်လမ်းတွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုပါ KIA အပြီးသတ် ထိန်းချုပ်ထား

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာစစ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဆက်တိုက်ဆိုသလို စခန်းများကို သိမ်းပိုက်ခဲ့ရာ ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စိန်လုံဗျူဟာစစ်စခန်းကြီးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စိန်လုံ ဗျူဟာစစ်စခန်းကို ဒီမနက် ၇ နာရီမှာ သိမ်းပိုက်လိုက်ပြီ။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ စစ်ခွေးစခန်းမရှိတော့ဘူး။ လက်နက်ခဲယမ်းတွေတော့ အများကြီးပဲရတယ်လို့ ပြောတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် ထိန်းချုပ်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့မှစတင်သော KIA ၏ စစ်ဆင်ရေးသည် ယနေ့အချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၆၁ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

ရိက္ခာများကို စခန်းအတွင်း ဖြန့်ကြဲဖျက်ဆီးကာ စကစတပ်သားများ ထွက်ပြေး

ကချင်ပြည်နယ် စိန်လုံကဂျီကျေးရွာအနီးရှိ တိန်ရောင်တပ်စခန်းမှ စကစတပ်သားများသည် စခန်းမှ စွန့်ခွာခါနီး အချိန်တွင် ရိက္ခာ ဆန်များကို ဖြန့်ကြဲဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

မတ်လ (၂၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိန်ရောင်တပ်စခန်းသိမ်းတိုက်ပွဲတွင် KIAနှင့် KPDFပူးပေါင်းတပ်တို့မှ ထိုးစစ်ဆင်တိုက်ခိုက်လာစဉ် ရိက္ခာများကို စခန်းအတွင်း ဖြန့်ကြဲဖျက်ဆီးကာ ထွက်ပြေးစွန့်ခွာသွားကြကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“သူတို့ရဲ့ စခန်းမှာ ပြည်သူတွေကရတဲ့ အခွန်တွေနဲ့ ပေးထားတဲ့ ရိက္ခာတွေ ဆန်တွေကို ဖြန့်ကြဲဖျက်ဆီးထားတာ၊ ပြီးတော့ စခန်းက ထွက်ပြေးသွားတယ်။”ဟု ပြောသည်။

အဆိုပါတပ်စခန်းအပြင် လွယ်ယိန်း၊ ပန်ခရမ်၊ ဝါ့လိုင်းဖုန်ယာနှင့် ဗျင်ဝိုင်စခန်းများကို KIAနှင့် ပူးပေါင်းတပ်တို့မှတိုက်ခိုက်သိမ်းပိုက်ထားပြီး စိန်လုံဗျူဟာတပ်စခန်းသိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

စိန်လုံဗျူဟာစခန်းကြီးသိမ်း တိုက်ပွဲတွင် စကစဘက်မှ ထိခိုက်ကျဆုံးမှု အလွန်များပြားသည့်အပြင် စခန်းမကျရှုံးရေးအတွက် ဂျက်ဖိုက်တာများဖြင့် လေယာဉ်ဗုံးကြဲမှုများ အလွန်အကျွံ အသုံးပြုခဲ့ကြောင်း သိရသည်။

မဟာဗျူဟာမြောက် စိန်လုံ စစ်ကောင်စီတပ် စခန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စိန်လုံက ဘာ ကျေးရွာရှိ နာမည်ကျော် မဟာဗျူဟာ မြောက် စိန်လုံစစ်ကောင်စီ တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ည ၉ နာရီ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ယနေ့နံနက်တွင် စခန်းကို ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

စိန်လုံဗျူဟာ တပ်စခန်းကို KIA နှင့် ပူးပေါင်း တပ်ဖွဲ့များက မတ်လ ၂၉ ရက်နေ့ညနေပိုင်း တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ရက် နှင့် နှစ်ညကြာ ပြင်းပြင်းထန်ထန် ကျားကုတ်ကျားခဲ တိုက်ခိုက်ပြီးနောက်စခန်း ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စိန်လုံဗျူဟာ ကို တိုက်ခိုက်နေချိန် စစ်ကောင်စီ တပ်မှ ဂျက်ဖိုက်တာများဖြင့် အကြိမ်ကြိမ်ပစ် ကူပေးကြောင်း နှင့် ခက်ခက်ခဲခဲ ကျားထိုး တိုက်ခိုက်ခဲ့ရကြောင်း စစ်မြေပြင် သတင်းရင်း မြစ် တစ်ဦးကပြောသည်။

“စိန်လုံစခန်းကို တိုက်ခိုက်ရတာ အင်မတန်ခက် ခဲကြတယ်။ ကာကင်းက ၈ ခုရှိတယ်။ ကာကင်းတွေကို တိုက်ခိုက်ရတာတောင် မလွယ်ဘူးလေ။ ကြားထဲ ဂျက်ဖိုက်တာတွေက ထင်မှတ်မထားတဲ့ အချိန်တွေမှာ ဗုံးလာလာချ တာ။ တစ်ချိန်လုံးနားထဲမှာ ဂျက်ဖိုက်တာအသံ တွေပဲ ကြားနေရတယ်။ ပြီးတော့ Y-12 ဂျက် လေယာဉ်ရောက်လာပြီဆိုရင် တစ်နာရီခွဲ လောက်ကြာအောင်ပတ်ပြီး ဗုံးတွေလိုက် ချနေတာပဲ။ တကယ့်ကို ခက်ခက်ခဲခဲ စွန့်စွန့် စားစားနဲ့ တိုက်ခဲ့ရတဲ့ စခန်းပါ။” ဟု ဆိုသည်။

မိုးမောက်အခြေစိုက် စစ်ကောင်စီတပ် ခလရ (၄၃၇) တပ်စခန်းမှလည်း လက်နက်ကြီးများ ဖြင့် နေ့စဉ် ပစ်ကူပေးခဲ့ ကြောင်းသိရသည်။

စိန်လုံတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့များ အတုံးအရုံးကျဆုံးမှုရှိပြီး KIA ဘက် မှလည်း အရင်းအနှီးကြီးမားခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်လျက် ပြောဆိုသည်။

“စခန်းထဲမှာ စကစ ကောင်တွေရဲ့ အလောင်း တွေ ပြန့်ကြဲနေတာပဲ။ ကျဆုံးစာရင်းအတိ အကျတော့ မပြောလိုဘူး။ ကျန်တဲ့စစ်ကောင်စီ တပ်ဖွဲ့တွေက မနေ့ည ၈ နာရီလောက်မှာ Y-12 လေယာဉ်ပေါ်ကဗုံးလာချချိန် စခန်းကိုစွန့်ပြီး ထွက်ပြေးသွားကြတယ်။ ထွက်ပြေးသွားတဲ့ တပ်ဖွဲ့တွေ နဲ့အတူ ဗျူဟာမှူးလည်းပါတယ်။

ထွက်ပြေးတဲ့အုပ်စုတွေကို KIA တပ်ဖွဲ့တွေက နောက်ကနေ လိုက်ပစ်နေကြတုန်းပဲ။KIA ဘက်ကလည်း ကျဆုံးတာ ဒဏ်ရာရတာ ရှိတယ်။ ဒီလောက်စခန်းကြီးကို တိုက်တာ အကျအဆုံး အရင်းအနှီးတော့ ပေး ရတာ ပေါ့။” ဟု ဆိုသည်။

စိန်လုံဗျူဟာ စခန်းအတွင်းမှ ၁၂၂ မမ တစ် လက် ၁၀၅ မမ တစ်လက်နှင့် ကျည်ဂိုဒေါင် လိုက်သိမ်းဆည်းခဲ့ရကြောင်း၊ အခြားလက် နက်ခဲယမ်းများအပြင် စစ်အသုံးအဆောင် ပစ္စည်းများနှင့် ရိက္ခာအမြောက်အမြားကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

စိန်လုံဗျူဟာကို အကာအကွယ်ပေးထားသော ကာကင်း ၈ ခုရှိသည့်အနက် ဒွမ်ဘာဘွမ်တပ်စ ခန်း၊ လွယ်ယိန်း တပ်စခန်း၊ တိန်ရောင် တပ်စ ခန်း စသည့်တပ်စခန်း ၃ ခုသည် စိန်လုံကဘာ ကျေးရွာ အနီးဝန်းကျင်၌ရှိသော ကာကင်းများ ဖြစ်ပြီး ဒွမ်ဘာဘွမ် တပ်စခန်း၊ လွယ်ယိန်း တပ်စခန်း၊ တိန်ရောင်တပ်စခန်း၊ ဗျန်ဝိုင် တပ် စခန်း နှင့် ဖော်လန်းဖျင်ယန် တပ်စခန်းများမှာ စိန်လုံဗျူဟာ အနီးဝန်းကျင်ကို အကာအကွယ် ပေးထားသော တပ်စခန်းများဖြစ်ရာ အဆိုပါ ကာကင်းစခန်း (၈) ခုလုံးကို KIA နှင့် ပူးပေါင်း တပ်ဖွဲ့များက မတ်လ ၃၀ ရက်နေ့တွင် တိုက် ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော မတ်လ ၂၇ ရက်နေ့၌လည်း လွယ်ဂျယ်မြို့ အထက်ရှိ ယော်ယုံဗျူဟာတပ် စခန်းကြီး၊ ရှန်တိုင်တပ်စခန်း၊ ဖာလန်င်းတပ် စခန်း၊ ဘန်ယောင်တပ်စခန်း၊ လော့မွန် တပ်စခန်း၊ လော့ဒန်တပ်စခန်းကြီး နှင့် ငါ့ဂရန်တပ် စခန်း စသည့် စခန်း ၇ ခုကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။

ယနေ့ နောက်ဆုံး သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့သော

စိန်လုံဗျူဟာ တပ်စခန်းသည် KIO/KIA ၏ ပညာရေးမြို့ဖြစ်သော မိုင်ဂျာယာန်မြို့ကို စစ်ရေး အရ အချိန်အခါမရွေး ခြိမ်းခြောက် နိုင်သောတပ်စခန်းဖြစ်သည့်အပြင် နယ်စပ် ကုန်သွယ်ရေးမြို့ တစ်ခုဖြစ်သည့် လွယ်ဂျယ် မြို့ကိုလည်း အထက်မှမိုး၍ အကာအကွယ် ပေးထားနိုင်သော မဟာဗျူဟာမြောက် စစ် တပ်ကြီးဖြစ်သည်။

ထို့အပြင် စိန်လုံဗျူဟာစခန်း တည်ရာ စိန်လုံ ကဘာ ကျေးရွာသည် ကချင်လူမျိုးပညာတတ် မြောက်မြားစွာကို မွေးထုတ်ပေးခဲသည့် စိန်လုံ အထက်တန်းကျောင်း တည်ရာ ကျေးရွာဖြစ် သည်သာမက ကချင်လူမျိုးများမှ ဖက်ဆစ် ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ် အဖြစ် ပဒန်မနောင်ပွဲ (စစ်အောင်ပွဲခံ မနောပွဲ) ကျင်းပခဲ့သည့်ကျေးရွာကြီး လည်းဖြစ်သည် နှင့်အညီ ကချင့်သမိုင်းစီးဆင်းရာဘူမိနက်သန် ကျေးရွာကြီးလည်းဖြစ်ပေသည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စ_စ်ကောင်စီ၏ စိန်လုံဗျူဟာစ_စ်စခန်းကို KIA က ယနေ့ နံနက်ပိုင်းတွင် အပြီးသ_တ် တို_က်ခို_က်သိ_မ်းပို_က်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။

မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စ_စ်ကောင်စီတ_ပ်စ_ခ၊_န်းများအားလုံးကို KIA က စတင်တို_က်ခို_က်ခဲ့ကြောင်း၊ ယင်းနောက် ဆ_က်တို_က်ဆိုသလို စခန်းများကို သိ_မ်းပို_က်ခဲ့ရာ ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စိန်လုံဗျူဟာစ_စ်စ_ခ၊_န်းကြီးကို သိ_မ်းပို_က်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။စိန်လုံဗျူဟာကုန်းတွင် လ_က်န_က် ခဲ_ယ_မ်းတွေအများအပြား ရတယ်လို့သိရပါတယ်။

လက်ရှိတွင် ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တွင် စ_စ်တ_ပ်စ၊_ခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် န_ယ်စ_ပ်ဂိ_တ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တ_ပ်များက အပြီးသ_တ် ထိ_န်းချု_ပ်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၇ ရက်နေ့မှစတင်သော KIA ၏ စ_စ်ဆ_င်ရေးသည် ယနေ့အချိန်အထိ စ_စ်ကောင်စီတ_ပ်စ_ခ၊_န်းပေါင်း ၆၁ ခုကို သိ_မ်းပို_က်ရရှိထားပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *