ကျိုက်ထိုမြို့ရှိ စစ်ကောင်စီ တပ်သားများလုံခြုံရေး ယူထားသော လျှပ်စစ်မီးရုံးကို ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လုံခြုံရေး ယူထားသော လျှပ်စစ်မီးရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF တပ်ရင်း – 7805 ၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၉ မိနစ်ခန့်တွင် ကျိုက်ထိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ- ၉၆ တပ်ရင်း မျက်နှာချင်းဆိုင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားတပ်စွဲထားသော လျှပ်စစ်မီးရုံးကို PDF တပ်ရင်း – 7805 ၊တပ်ခွဲ ၄ UG အဖွဲ့က ၄၀ မမ ၁ လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ဘန်ကာ ၂ ခုပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများ အခြေအနေကို စုံစမ်းလျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှု အခြေအနေကတော့ စုံစမ်းနေဆဲပါ ပစ်ခတ် တိုက်ခိုက်မှုအတွင်းမှာတော့ ဘန်ကာ ၂ ခုပျက်စီးခဲ့တယ်” ဟု PDF တပ်ရင်း – 7805 ၊ တပ်ခွဲ ၄ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

PDF တပ်ရင်း – 7805 ၊ တပ်ခွဲ ၄ UG အဖွဲ့သည် ဆက်လက်၍ မြို့တွင်း Mission များ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *