သူဌေး (၁၀) ယောက်နဲ့ ပေါင်းရင်
(၁၁)ယောက်မြောက်သူဌေးက
ကိုယ်ဖြစ်လာလိမ့်မယ်ဆိုတာထက်
သူဌေး (၁၀)ယောက်နဲ့ ပေါင်းရင်
(၁၁) ယောက်မြောက်က သူဌေးခိုင်းဖက်ဖြစ်လာဖို့က
ပိုဖြစ်နိုင်ချေရှိတယ်။
😁
ပန်ဆယ်လို
နာမည်တပ်ပြီး တည့်တည့် ဒဲ့ပဲ ပြောရင် ဖြိုးဖြိုးအောင် မီဒီယာမှာ ပြောသွားတာတွေဟာ တကယ့် Toxic တွေပဲ။
ဘဝတိုးတက်ရေး Blur blur blur ဗွီဒီယိုပေါင်းများစွာ လွှင့်၊ အဲဒါတွေနဲ့ပဲ လူသိများလာသူက တိုင်းပြည် မိုးထဲရေထဲ ရောက်တော့ ဒီဖြစ်စဉ်ကြီးဟာ သူနဲ့ ဘာမှကို မသက်ဆိုင်သလို ခပ်ဝေးဝေးမှာနေ၊ တနှစ်ကျော်လိုက်မှ ပြန်ပေါ်လာ။
ပိုနေမြဲ၊ ကျားနေမြဲ ပြန်နေပြ။
သူ့အတွက်တော့ အဲဒါက Better life, better choice ပေါ့လေ။
ပြည်သူနဲ့ တသားတည်း မရှိခဲ့တဲ့ သူ့ကို Boycott ကြသူတွေ အများကြီး ရှိခဲ့တယ်။
သူ ပြောဆို ရေးသားခဲ့တာတွေ၊ ထုတ်ဝေခဲ့တဲ့ စာအုပ်နဲ့ ပတ်သက်လို့ လူအများက လှောင်ပြောင်ခဲ့တာတွေ ရှိတယ်။
အဲဒါတွေက အလကားနေရင်းနဲ့ လူတယောက်ကို အသားလွတ် တိုက်ခိုက်ခဲ့ကြတာမှ မဟုတ်ဘဲ။
ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်က ရပ်တည်ဖို့ ပျက်ကွက်လို့ သူ လက်ခံရရှိတဲ့ အရာတွေပဲ။
မနေ့က သူ့ကို မီဒီယာ သတင်းတပုဒ်မှာ တွေ့တယ်။
“မြန်မာပြည်မှာ ဘယ်ဂယက်ထထ ဘယ်သူ့ကို ဘာပြောပြော ၇ ရက်ပဲ ကြာတယ်လေ သိလား၊ အဓိက က လူ့သဘာဝပဲ။
ကိုယ့်ကို အမြဲတမ်း ချစ်တဲ့သူ ဆိုတာလည်း မရှိဘူး၊ အမြဲတမ်း မုန်းတဲ့လူ ဆိုတာလည်း မရှိဘူး”
ပြည်သူက Boycott လုပ်တာ၊ လှောင်ပြောင်တာကို ခံခဲ့ရသူက ကာလတခု လွန်မြောက်လာတဲ့ အချိန်မှာ ပြောတဲ့ စကားရဲ့ အဓိပ္ပာယ်ကို သေသေချာချာ စဉ်းစားကြည့်ရင် အင်မတန် နာစရာ ကောင်းတယ်။
ကျွန်တော် နားလည်တာတော့… “နင်တို့တွေ Boycott လုပ်တယ် ဆိုတာ ခဏပါ။ ငါ အေးဆေးပဲ၊ ငါ အရင်လို ပြန်နေနိုင်တယ်၊ နင်တို့ ပြီးရင် အကုန်မေ့သွားကြတာပဲ” ဆိုတဲ့ အဓိပ္ပာယ်ပဲ။
အမှတ်မရှိကြသူတွေ အကြောင်းကို ကောင်းကောင်း နားလည်နေလို့ အဲဒီလို စကားကို ပြောထွက်တာပဲ။
လူ သိန်းနဲ့ချီ သူ့ကို ဘာကြောင့် ဝိုင်းပြော ဝိုင်းရေးရကြတဲ့ အကြောင်းရင်းခံကို မသုံးသပ်မစိစစ်ဘဲ “အချိန်တန်တော့လည်း အသံတွေ တိတ်သွားတာပါ၊ အေးဆေးပဲ” ဆိုတဲ့ ပုံစံနဲ့ လူရှေ့သူရှေ့ ပြန်ထွက်လာတာပေါ့။
မေးပါရစေ။
“သူဌေး ၁၀ ယောက်နဲ့ ပေါင်းရင် ၁၁ ယောက်မြောက် သူဌေးဟာ ကိုယ်ဖြစ်လိမ့်မယ်” ဆိုတော့ ဘဝမှာ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုထက် ကိုယ့်အပေါင်းအသင်းက ပိုအရေးပါနေတာလား။
လူဆိုတာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ရှိတယ် ဆိုတာ မှန်ပေမယ့် တကယ်တမ်းမှာတော့ မိမိရဲ့ ပင်ကိုယ်စိတ်နဲ့ ပင်ကိုယ် ကြိုးစား အားထုတ်လိုမှုကသာ အဓိက..မဟုတ်ဘူးလား။
အဲဒီလို စကားမျိုးက လူတွေရဲ့ ဘဝတိုးတက်နေထိုင်နည်း တခုလို လျှောက်ပြော၊ ဟို Plan ဒီ Plan ဆိုတဲ့ စာအုပ်တွေ လျှောက်ထုတ်တာကို အဟုတ်ကြီးပဲ ထင်နေလောက်အောင်ကိုပဲ ကျွန်တော်တို့က ညံ့ကြတာလား။
မနာတတ်ကြတာလား။
အဲဒီလောက်တောင်ကိုပဲ အမှတ်မရှိကြတာလား။
Boycott လုပ်သင့်သူကို Boycott လုပ်ရတာ အဲဒီလောက် ခက်တာလား။
အဲဒီပွဲ အပြီးမှာ သူတို့ ကခုန်ကြတော့ ဖွင့်ထားတဲ့ သီချင်းသံက လီလီနိုင်ကျော် ဆိုခဲ့တဲ့ သီချင်း…။
“ဪ” ..လို့သာ ရေရွတ် မိတော့တယ်။
ကလိုစေးထူး
Leave a Reply