PDF တွေရဲ့ စစ်နည်းဗျူဟာတွေကို သင်ခန်းစာဖော်ထုတ်ဖို့ အကြမ်းဖက်စိုး၀င်း ဗထူးတပ်မှာ ပြော

ရန်သူကျင့်သုံးနေတဲ့ စစ်နည်းဗျူဟာတွေကို သင်ခန်းစာဖော်ထုတ်ပြီး တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ အကြမ်းဖက်စစ်ခေါင်းဆောင် စိုး၀င်းက ယမန်နေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့သို့ ရောက်ရှိတွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်က တိုက်ပွဲစွမ်းရည်နဲ့တိုက်ပွဲစွမ်းအား ဟန်ချက်ညီပေါင်းစပ် ဆောင်ရွက်တတ်မှသာ တိုက်ပွဲအောင်မြင်မှာ ဖြစ်တယ်လို့ ၎င်းရဲ့အကြမ်းဖက်တပ်ကို ပြောပါတယ်။

အားလုံးဟာ ကိုယ့်ဆန္ဒနဲ့ကိုယ် တပ်ထဲ ၀င်လာတာဖြစ်လို့ ကိုယ်ဘာကြောင့် တပ်ထဲ ဝင်လာခဲ့ရတယ်ဆိုတာကို အမြဲမပျက် ဆင်ခြင်ကြဖို့ လိုတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်မှုထမ်း ဥပဒေနဲ့ နည်းဥပဒေပါ အချက်အလက်တွေကို မလေ့လာ၊ မသိရှိ၍ အကြောင်းမဲ့ တောထဲ၊ တောင်ထဲမှာ စတေးခံကြရမဲ့ အဖြစ်ဆိုးတွေကနေ ကယ်တင်နိုင်ဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

ငွေကြေးနဲ့ အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်နေတဲ့ အောက်ခြေမသမာသူ အကျင့်ပျက်ဝန်ထမ်း တချို့နဲ့ အဖွဲ့အစည်းအချို့ကို ဖော်ထုတ်အရေးယူရန်လိုကြောင်းလည်း အကြမ်းဖက်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် တရားသဖြင့် ပေးအပ်တဲ့ တာဝန်နဲ့ ဝတ္တရားတွေကိုတော့ ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်တယ်လို့ ထည့်ပြောသွားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *