အမေစုလက်ထက်က စာချုပ်ချုပ်ဝယ်ခဲ့တဲ့ ရထားတွေကတော့ ရန်ကုန်ကိုရောက်လာပြီဗျို့—

😑 အမေစုလက်ထက်က ဂျပန်ကုမ္ပဏီ Mitsubishi ဆီကနေ ယန်း ၉၆ ဘီလီယံဖိုး စာချုပ်ချုပ်ဆို ဝယ်ယူခဲ့တဲ့ ရထားတွေကတော့ အခုရန်ကုန်ကို ရောက်လာပြီနော်။

ဘောမတွေဘက်ကတော့ ဒီပုံတွေကိုကြည့်ပြီး ဘာတစ်ခုမှတော့ မပြောသေးဘူး၊ ငြိမ်နေကြတယ်။

သူတို့ဘတ်ဘတ်ကြီးက ဒီလောက်အရည်အချင်းမှမရှိတာ သူတို့ဟာသူတိို့တော့ သိမှာ..။

မင်းအောင်လှိုင်အာဏာလုပြီးနောက်ပိုင်း အခုအချိန်ထိ အမေစုလက်ထက်က အရှိန်နဲ့ လိမ့်နေသေးတဲ့ ပရောဂျက်တွေအများကြီးပါပဲ။

အခုရောက်လာတဲ့ ရထားတွေလည်း အရင်အစိုးရလက်ထက်ကတည်းက မှာထားတာ မဟုတ်ဘူးဆိုပြီး ဗြောင်ငြင်းရင် အောက်မှာ ဝင်ဖတ်ကြည့်နော်၊

ပြီးရင်လည်း နင်တို့ အဘတ်ကြီးရဲ့ လျှပ်စစ်ရထားကြီးကရော ဘယ်တော့စီးရမှာလဲ သွားမေးကြဦး။

မစ်ဆုဘိရှိက မြန်မာကို ရထားတွဲများ ရောင်းချမည်

by ဧရာဝတီ 8 December 2020

မီးရထားတွဲသစ်များရောင်ချရန် သဘောတူစာချုပ်နှစ်ခုကို နိုင်ငံပိုင် မြန်မာ့မီးရထားနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း မစ်ဆုဘိရှိ ကော်ပိုရေးရှင်းက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

ထိုစီမံကိန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ခန့်မှန်းခြေ ယန်း ၆၉ ဘီလျံ (ဒေါ်လာ ၆၆၃.၂ သန်း) ဖိုးရှိပြီး ဂျပန်နိုင်ငံအစိုးရက တရားဝင်ဖွံ့ဖြိုးမှုအစီအစဉ် (Official Development Assistance, ODA) အရ မြန်မာကို နိုင်ငံတကာ ယန်းငွေချေး စာချုပ်ချုပ်ကာ မစ်ဆုဘိရှိကို ပေးချေမည်ဖြစ်သည်။ ထို စီမံကိန်းများသည် ဂျပန်အစိုးရ၏ ရထား အခြေခံအဆောက်အအုံများ တင်ပို့ရေး အားထုတ်မှု အစိတ်အပိုင်းဖြစ်သည်။

မစ်ဆုဘိရှိသည် ရန်ကုန် မြို့ပတ်ရထားလမ်းအတွက် တွဲ ၆၆ တွဲ နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအတွက် တွဲ ၁၈၀ ရောင်းချမည်ဖြစ်သည်။

ထိုတွဲသစ်များကြောင့် ၄၆ ကီလိုမီတာရှည်သော ရန်ကုန်မြို့ပတ်ရထားလမ်းတွင် ကြာချိန်ကို ၁၇၀ မိနစ်မှ ၁၁၀ မိနစ်သို့ လျှော့ချပေးမည်ဖြစ်ပြီး ၆၂၀ ကီလိုမီတာရှိသော ရန်ကုန်-မန္တလေးလမ်းအတွက်ကြာချိန်ကို ၁၅ နာရီမှ ၈ နာခန့်သို့ လျှော့ချပေးမည်ဖြစ်သည်။

CAF ဟု လူသိများသည့် စပိန်မှ ထိပ်တန်း မီးရထားတွဲ ထုတ်လုပ်ရေးလုပ်ငန်း Construcciones y Auxiliar de Ferrocarriles က ဂျပန်ထုတ် စက်ပစ္စည်းကိရိယာအချို့ကို အသုံးပြု၍ ထုတ်လုပ်သွားမည်ဖြစ်ပြီး ထိုတွဲများအတွက် လျှပ်စစ်စနစ်များ တပ်ဆင်ကာ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

Spain-made carriages to be employed on Yangon circular railway

MYANMAR Railways will deploy carriages imported from Spain for trains operating on the Yangon Circular Railway.

DEMU (diesel-electric multiple unit) carriages, manufactured by Spain-based Construcciones y Auxiliar de Ferrocarriles (CAF), are poised for immediate use pending the completion of the circular railway upgrade.

The initial shipment, comprising a six-carriage unit, arrived at Thilawa Port in Yangon on 5 February and will soon undergo test runs.

While the railway renovation nears completion, ongoing efforts include platform elevation and station maintenance work.

Myanmar Railways signed a contract with Mitsubishi Corporation to construct 66 carriages for the Yangon Circular Railway and 180 for the Yangon-Mandalay Railway on 7 December 2020. Initial reports suggest that, under the agreement, CAF will produce the carriages with some equipment made in Japan.

TWA/NT


Comments

Leave a Reply

Your email address will not be published. Required fields are marked *