“ပြည်ကြီးတံခွန် လဝကရုံး ဗုံးပေါက်ကွဲ”

မန္တလေး လဝကရုံး ပေါက်ကွဲမှု ကိုးဦး ဒဏ်ရာရဟုဆို၊

မန္တလေးမြို့၊ မဟာအောင်မြေခရိုင် လူဝင်မှု ကြီးကြပ်ရေးရုံး (လဝက) ဒီနေ့လည်ပိုင်း ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ ကိုးဦး ရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ဒီနေ့ ဧပြီ(၅)ရက် နေ့လည်(၁)နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၁)လမ်းမှာ ရှိတဲ့ စစ်အုပ်စုရဲ့ မဟာအောင်မြေ လဝကရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ကိုးဦး ဒဏ်ရာရပြီး လေးဦးက ဝန်ထမ်းတွေ ဖြစ်ကာ ကျန်ဒဏ်ရာရသူတွေက ပြည်သူတွေ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

“လူနာတင်ကားတွေ အများကြီးပဲ။ ထိခိုက်တဲ့သူ တော်တော်များတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မန္တလေး လဝကရုံး ပေါက်ကွဲမှု ပြည်သူနှစ်ဦး သေဆုံးပြီး ဒု-လဝကမှုး အပါအဝင် ခုနှစ်ဦး ဒဏ်ရာရ၊

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်(၁)လမ်းမှာ ရှိတဲ့ စစ်အုပ်စုရဲ့ မဟာအောင်မြေခရိုင် လူဝင်မှု ကြီးကြပ်ရေး (လဝက)ရုံး ဒီနေ့ ဧပြီ(၅)ရက် နေ့လည်(၁၂)နာရီခွဲလောက်က ပေါက်ကွဲမှု ဖြစ်ပွားပြီး ဒဏ်ရာရသူ ကိုးဦး ရှိခဲ့ကာ အဲ့ဒီအထဲက နှစ်ဦး သေဆုံးတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

ပေါက်ကွဲမှုကြောင့် အသက်(၃၀)အရွယ် စစ်အုပ်စု လက်အောက်ခံ ဒု-မြို့နယ် လဝကမှူး သော်ဇင်ဖြိုး အပါအဝင် စစ်အုပ်စု ဝန်ထမ်း သုံးဦးနဲ့ ပြည်သူ ခြောက်ဦး ထိခိုက် ဒဏ်ရာရပြီး ဟိုပင်မြို့က မနီနီဝင်းမောင်နဲ့ မြင်းခြံမြို့က မောင်စွဲရစ်တို့ သေဆုံးတာလို့ ဆိုပါတယ်။

“ဖြစ်ဖြစ်ချင်း စစ်တပ် ရောက်လာပြီး လမ်းတွေ ပိတ်လိုက်တယ်။ ဘယ်သူ့မှ အနားကနေ ဖြတ်မလျှောက်ခိုင်းဘူး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဒဏ်ရာရတဲ့ စစ်အုပ်စု ဝန်ထမ်း သုံးဦးအနက် တစ်ဦးက နေ့စားဝန်ထမ်းသာ ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဆိုင်ကယ်နဲ့ လာတဲ့ အမျိုးသားနှစ်ဦးက လဝကရုံးထဲ ဗုံးပစ်သွင်းသွားတာလို့လည်း စစ်အုပ်စု သတင်းဖြန့်ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုက စစ်ကိုင်းတိုင်းတံတား နှာပေါက် အပါအဝင် မန္တလေးမြို့ အဝင်အထွက် နေရာ အများစုကို ပိတ်ဆို့ကာ စစ်ဆေးငွေညှစ်တာတွေ လုပ်နေသလို မန္တလေး မြို့တွင်းမှာလည်း လမ်းသွား လမ်းလာတွေကို စစ်ဆေးငွေညှစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နိုင်ငံတဝန်း ခရီးသွားလာခွင့်တွေ ကန့်သတ်ပြီး ခရီးသွားလိုသူတွေ အနေနဲ့ ရိုးရိုး မှတ်ပုံတင်အစား စမတ်ကဒ်တွေ မဖြစ်မနေ ပြောင်းလဲခိုင်းနေတာကြောင့် ပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ လဝက ရုံးတွေဆီ သွားရောက်နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ လဝက ဝန်ထမ်းတွေကလည်း မှတ်ပုံတင် လဲလှယ်တဲ့ ပြည်သူတွေကို ငွေညှစ်နေပြီး မှတ်ပုံတင်တစ်ခု လဲဖို့ ကျပ်(၃၀၀,၀၀၀)အထိ ငွေတောင်းကာ မှတ်ပုံတင်မှာ ဗမာမဟုတ်တဲ့သူ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ သူတွေကိုတော့ ကျပ်(၅၀၀,၀၀၀)အထိ ငွေတောင်းတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ လဝကရုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာ သေဆုံးသူတွေ/Photo – စစ်အုပ်စု

ဧပြီလ ၅ ရက်နေ့ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲခန့် အချိန်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်ရှိ စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ မဟာအောင်မြေ လဝကရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လဝက ဝန်ထမ်း ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေးမြို့ နယ်၊ မဟာအောင်မြေ လဝကရုံး ဖောက်ခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်

မန္တလေးမြို့ နယ်၊ မဟာအောင်မြေ လဝကရုံး ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံချန်နယ်ဖြစ်သော MDYRevo မှ သိရပါသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်အချိန်၌ ကျွဲဆည်ကန် ၁ လမ်းရှိ မဟာအောင်မြေ လဝကရုံး ဖောက်ခွဲတိုက်ခိုက်ခံရ၍ ထိခိုက်မှုများ ရှိနိုင်ကြောင်း သိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *