စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦးကို KIA က ဖမ်းဆီးရရှိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ကို KIA က ဖမ်းဆီးရရှိထားကြောင်း KIA မြေပြင်သတင်းရင်းမြစ်ကပြောဆိုသည်။

စိန်လုံတောင်စစ်ဗျူဟာစခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းနောက် ဗျူဟာမှူး ဗိုလ်မှူး ကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး ကို အရှင်ဖမ်းဆီးရရှိကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများလည်း ရှိကြောင်း သိရှိရသည်။

“စိန်လုံတောင်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်တပ်ကို ဒီမနက်မှာ တိုက်ခိုက်တယ်။ ဗျူဟာမှူးနဲ့စစ်သား ၁၈ ဦး ကို ဖမ်းဆီးရရှိပါတယ်”ဟု KIA မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

စိန်လုံတောင်ဗျူဟာစစ်စခန်းကို ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *