မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မော်လမြိုင် အ​​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း အထူးစစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေသည့် အားကစားခန်းမနှင့် စစ်ရဟတ်ယာဥ် ၂စီးရပ်ထား​သော​ကွင်းနေရာတို့အား ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ်​မြောက် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စိုးဝင်းက ဒီနေ့လည်းရှိနေတယ်၊ အားကစားခန်းမမှာ တပ်မှူးတွေ၊ အရာရှိတွေနဲ့ တောင်ပိုင်းစစ် မျက်နှာအတွက် အထူးအစည်းအဝေးလုပ်နေတာပါ၊ ပျက်စီးမှုကတော့ အသေးစိတ်မသိရသေးပါဘူး၊ ကျနော်တို့တိုက်ခိုက်ခဲ့တာက ခန်းမကို ၃ စီး၊ ဟတ်စကီးကွင်းကို ၂ စီးချခဲ့တာ၊ လက်ရှိတော့ ဟတ်စ ကီး တစ်စီပဲ ပျံတက်နိုင်မှုမရှိတော့ဘူးလို့ ကနဦးသိထားရတယ်၊ မနေ့က သတင်းဆက်ကတော့ အသေး စိတ်မသိရသေးပါဘူး၊ မနေ့က တိုင်းမှူးတော့ အဆဲခံရတယ်၊ အခုတော့ မြို့ထဲတွေ၊ တိုင်းရုံး တွေကို အကုန်ပိတ်ဆို့ထားလိုက်ပြီ။” Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မော်လမြိုင်မြို့မှ ပြည်သူများကမူ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ထွက်​ပေါ်လာပြီး​နောက် ဆက်တိုက်​ပေါက်ကွဲသံများကြားရ​ကြောင်း ​ ပြောဆိုကြသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် အထူးစစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေသည့် စစ်​​ကောင်စီဒု​ခေါင်း​ဆောင် စိုးဝင်းအပါအဝင်၊ ရတခ တိုင်းမှူး၊ တပ်မမှူးများ၊ ဗျူဟာမှူးများနှင့် စစ်ဆင်​ရေးအရာရှိအကြီးပိုင်းတချို့ ထိခိုက်နိုင်​ကြောင်း၊ ထိခိုက်မှု သတင်း စုံစမ်းရန် ခက်ခဲနေကြောင်း၊ သို့​သော် ရတခတိုင်း​​ရှေ့လမ်းမကို ပိတ်လိုက်​ကြောင်း၊စစ်ကားများ ​လေဆိပ်ဘက် ထွက်ခွာသွား​ကြောင်း၊ တိုင်းထဲမှ မြန်မာနိုင်ငံဘတ်တံဆိပ်တပ် ​ပျောက်ကြားဝတ်စုံစစ်သားများ ပါသော ကားသုံးစီးထွက်လာ​ကြောင်း မျက်မြင်ဒေသခံများက ဆိုကြသည်။

“စိုးဝင်းကို မ​နေ့ကတည်းက ကိုင်တာ၊ လန့်ရုံ တုန်လှုပ်ရုံပဲဖြစ်ပြီး ရတခထဲက မပြန်​သေးဘဲ အစည်းအ​ဝေးဆက်လုပ်မယ်ဆိုတာ သိရလို့ ဒီ​နေ့ မ​ကြေပွဲ ​နောက်တ​ခေါက်ထပ်ကိုင်ခြင်းဖြစ်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ယ​နေ့တိုက်ခိုက်မှု​ကြောင့် ရဟတ်ယာဥ်၂စီးအနက် တစ်စီးသာ ပြန်တက်ထွက်ခွာနိုင်ပြီး အခြားတစ်စီးမှာမူ မတက်နိုင်ဖြစ်​နေ​ကြောင်း ၊ ကာမီကာ​ဇေဒရုန်းစာမိသွားနိုင်​ကြောင်း သိရှိရသည်။

Leave a Comment