သွေးလိုလို့ဆိုပြီး ခေါ်သွားရာက လူမှုကူညီရေးအသင်းဥက္ကဌ ဓါးဖြင့်ခု-တ်သ-တ်လုယက်ခံရမှု မကွေးမြို့မှာဖြစ်ပွား

မကွေးမြို့မှာ ဏဘယံ သွေးကူညီမှုအသင်းဥက္ကဌ ဓါးဖြင့် အချက်ပေါင်းများစွာ ခု-တ်သ-တ်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းများထံက သိရပါတယ်။

ဧပြီလ ၈ရက်နေ့ မနက်ပိုင်းအချိန်က မကွေးမြို့ရှိ၊ သင်ကြားရေးဆေးရုံလမ်း အရှေ့ဘက်ခြမ်းယာတောထဲမှာ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“သွေးလိုလို့ဆိုပြီး ဧပြီ ၇ရက်နေ့ မနက်ပိုင်းမှာ အမျိုးသားတစ်စုက အိုးဝေတစ်စီးနဲ့ ရုံးကိုလာပြီး အသင်းဥက္ကဌဖြစ်သူကို အကူအညီတောင်း ခေါ်သွားတာ”လို့ လူမှုကူညီရေးအသင်း(ထူးကြီး)က ဆိုပါတယ်။

ထိုသို့အမျိုးသားတစ်စုက အရေးပေါ်သွေးလိုသည်ဟုဆိုကာ အကူအညီတောင်းခေါ်ဆောင်သွားပြီးနောက် လမ်းခုလပ်မှာ ဖုန်း၊ စကားပြောစက်၊ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်တို့ကို လုယူကာ ဓါးအချက်ပေါင်း ၆၀ ကျော်ဖြင့် ခု-တ်သ-တ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူသည် ဏဘယံ သွေးကူညီမှုအသင်းဥက္ကဌ ဦးရန်အောင်ဖြစ်ကာ မကွေးမြို့၊ ရွာသစ် ၁၈လမ်းမှာ နေထိုင်သူဖြစ်ကာ ဝမ်းနည်းကြေကွဲကြောင်း လူမှုကူညီရေးအသင်းများက ပြောဆိုထားပါတယ်။

လူမှုကူညီရေးအသင်းဥက္ကဌရဲ့ ရုပ်အလောင်းကို စစ်ဆေးမှုများပြုလုပ်ရန် မကွေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကျူးလွန်သူများကို သက်ဆိုင်ရာရဲစခန်းတာဝန်ရှိသူတွေက ရှာဖွေစုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

မကွေးအခြေစိုက် “ဏဘယံ ” လူမှုကူညီရေးအသင်းဥက္ကဌ အသတ်ခံရ

မကွေးတိုင်း၊ မကွေးမြို့အခြေစိုက် “ဏဘယံ ” သွေးကူညီမှူအသင်း ဥက္ကဌဖြစ်သူကို ဓား​​ဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခံခဲ့ရသည့်အပြင် ဆိုင်ကယ်လည်း ပျောက်ဆုံးနေ​​ကြောင်း သိရသည်။

ယမန်နေ့ နံနက်၇နာရီကျော်အချိန်ခန့်တွင် သတ်ဖြတ်ခံထားရသည့် “ဏဘယံ “သွေးကူညီမှူအသင်း၏ ဥက္ကဌ ဦးရန်အောင် ရုပ်အလောင်းကို မကွေးမြို့ ၊ သင်ကြားရေးဆေးရုံလမ်း အရှေ့ဘက်ခြမ်းယာတောထဲတွင် တွေ့ရှိခဲ့ရ​​ခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ အချက်ပေါင်း ၆၀ ခန့် တွေ့ရကြောင်း ဒေသခံ လူမှုကူညီရေး အသင်းတွေဆီမှ သိရပါသည်။

“ဘယ်လိုရန်ငြိုးနဲ့လုပ်သွားလဲ စဥ်းစားမရဘူး ဓားဒဏ်ရာကအချက် ၆၀ လောက်ကြီးများတောင်ဗျာ၊ မနေ့က ညပိုင်းမှာ သွေးလိုလို့ဆိုပြီး ခေါ်လို့ပါသွားရာကနေ ခုမနက် ယာခင်းထဲ အလောင်းတွေ့ရတာပါ၊ တော်တော်ရက်စက်လွန်းပါတယ် ” လို့ မကွေးမြို့ အခြေစိုက် လူမှုကူညီရေးသင်းဝင် တစ်ဦးက​ပြောသည်။

အသတ်ခံခဲ့ရသည့် “ဏဘယံ” သွေးကူညီမှုအသင်းဥက္ကဋ္ဌဖြစ်သူသည် မကွေးမြို့၊ ရွာသစ် ၁၈ လမ်းတွင် နေထိုင်သူဖြစ်ပြီး သူနဲ့အတူပါသွားသည့် ဆိုင်ကယ် ၊ ဖုန်း နှင့် ရွှေထည် ပစ္စည်းလည်း ပျောက်ဆုံး နေကြောင်း သိရသည်။

အသင်းဥက္ကဌ ရုပ်အလောင်းအား စစ်ဆေးမှုတွေပြုလုပ်ရန် မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား​​​ကြောင်း၊ အသတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး လာရောက်ခေါ်ဆောင်သွားသူများကို သက်ဆိုင်ရာ ရဲစခန်းတာဝန်ရှိသူမှ လိုက်လံရှာဖွေနေပြီး လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေလုပ်နေကြောင်း သိရသည်။

Leave a Comment