မင်းအောင်လှိုင်မိသားစုပိုင်ဟော်တယ်နားက Mingalar Mandalay မဏ္ဍပ် မိုင်းခွဲခံရ

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃လမ်း၊ ၁၀၅×၁၀၆ကြားက Mingalar Mandalay မဏ္ဍပ်ကို မိုင်းခွဲသတိပေးခဲ့တယ်လို့ အောင်စည်တော်(AST-MDY)တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းက မင်းအောင်လှိုင်မိသားစုပိုင် Mingalar Hotelနဲ့ မန်းစည်ပင်တို့ပူးပေါင်းလုပ်ဆောင်ထားတဲ့ Mingalar Mandalay မဏ္ဍပ် မိုင်းခွဲသတိပေးခဲ့တာလို့သိရပါတယ်။

“သတိပေးတဲ့အနေနဲ့ဖောက်ခွဲသွားတာပါ။ ပြီးတော့စခတွေရောက်လာပြီး လမ်းပိတ်ချကာစစ်ဆေးနေတာတော့ရှိတယ်။လူထိခိုက်တာတော့မရှိဘူး မဏ္ဍပ်ကတော့ နည်းနည်းပျက်စီးသွားတယ်”လို့ဒေသခံတွေကပြောပါတယ်။

စစ်အုပ်စုအပါဝင် ပတ်သတ်သူတွေရဲ့မဏ္ဍပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ စစ်အုပ်စုနဲ့ ဝေးဝေးမှာနေပေးကြဖို့ သတိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ADT-MDY နဲ့ STF-MDY တို့ကသတိပေးတဲ့အနေနဲ့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃လမ်း ၁၀၅×၁၀၆ကြားရှိ မအလပိုင် Mingalar Hotel နှင့် ခွေးလက်စွဲစည်ပင်တို့ပူးပေါင်းလုပ်ဆောင်သည့် ဗဟိုမဏ္ဍာပ်ထက်ပင် ခမ်းနားစွာတည်ဆောက်ထားသော Mingalar Mandalay မဏ္ဍာပ်အား ကျွန်ုပ်တို့ STF-MDY ရဲဘော်များ နှင့်AST-MDY မှ မိုင်းခွဲကာ သင်္ကြန်အကြို လက်ဆောင်အဖြစ်သတိပေး ဖောက်ခွဲခဲ့ပါသည်။

ရေပေါ်ဆီများကိုလည်း သတိပေးချင်သည်။ စစ်ကိုင်းမြို့ကျော်လျှင်ပင် စစ်မီးတောက်နေကာ လေဟာပြင်မီးလောင်ပြင်ဖြစ်နေပြီကို သိရှိကြပါလျှက် တစ်မြေထဲနေတစ်ရေထဲသောက်တွေတောင် စစ်ဘေးရှောင်နေရချိန် ကိုယ်နဲ့ရွယ်တူအသိမိတ်ဆွေတွေ တော်လှန်ရေးတိုက်ပွဲမှာဝင်တိုက်နေကြချိန် ပျော်တာကို လွပ်လပ်ခွင့် ရပိုင်ခွင့်နဲ့ရောချနေသည်မှာ သင်တို့၏ ကိုယ်ချင်းစာတရားမရှိသည့်အကျင့်စာရိတ္တနှင့် ခံယူချက်ပင်ဖြစ်သည်။

ဤမဏ္ဍပ်တွေသည် ဘယ်ကလာလဲ ဘယ်သူတွေလုပ်လဲ သိပါလျက်နဲ့ ဘာအတွက်လုပ်နေကြလဲသိပါလျက်နဲ့ ဝင်ပျော်နေကြခြင်းသည် လက်ရှိတော်လှန်ရေးအခြေအနေအား မသိကျိုးကျွံပြုလွန်းနေသည့်အတွက် ကျွန်ုပ်တို့မှလည်း စကစထောက်တိုင်များအား ညှာတာတွေးတောပေးရန် အကြောင်းမရှိပါ။

လူစည်ကားနေသည့် ‌မဏ္ဍာပ်များ အထူးသတိထားပါ။

ထိုကဲ့သို့သော စကစနှင့် ပတ်သက်နေသည့်မည်သည့်ပစ်မှတ်မဆို တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မန်းသူမန်းသားများအနေဖြင့်လည်း တော်လှန်ရေးရေချိန်မြင့်တင်ကြပါရန် အသိပေး ကြေညာအပ်ပါသည်။

ဗိုလ်အနိစ္စ

special Task Force Mandalay (STF-MDY)

မန္တလေးမြို့က စစ်အုပ်စုရဲ့ ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်ကို ဗုံးထုတိုက်ခိုက်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ (၇၃)လမ်းနဲ့ (၁၀၅)လမ်းမှာ အာဏာသိမ်း စစ်အုပ်စုနဲ့ New Star Light ကုမ္မဏီတို့ ပူးပေါင်းတည်ဆောက်နေတဲ့ Mingalar Mandalay သင်္ကြန် ရေကစား မဏ္ဍပ်ကို ဒီမနက်ပိုင်း ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား အောင်စည်တော် AST-MDY (စစ်ဆင်ရေး)က ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီ(၉)ရက် မနက်(၉)နာရီကျော်က မင်္ဂလာမန္တလေးရှေ့က ရေကစားမဏ္ဍပ် ဆောက်လုပ်နေတဲ့နေရာမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး လူ ထိခိုက်တာတော့ မရှိဘဲ အနီးနားက ကမ္ဘောဇအာမခံ ကုမ္မဏီ အဆောက်အဦးရဲ့ မှန်တစ်ချက် ကွဲသွားတယ်လို့ သတင်းကြားကြောင်း မြို့ခံတွေက MFP ကို ပြောပါတယ်။

သင်္ကြန်အကြို လက်ဆောင်အဖြစ် စစ်အုပ်စုရဲ့ ရေကစား မဏ္ဍပ်ကို မိုင်းဖောက်ခွဲ သတိပေးခဲ့တာလို့ အောင်စည်တော် AST-MDY က ဆိုပါတယ်။

“မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် (၇၃)လမ်း၊ (၁၀၅)လမ်းနဲ့ (၁၀၆)လမ်းကြားရှိ မအလပိုင် Mingalar Hotel နှင့် ခွေးလက်စွဲ စည်ပင်တို့ ပူးပေါင်းလုပ်ဆောင်သည့် ဗဟိုမဏ္ဍပ်ထက်ပင် ခမ်းနားစွာ တည်ဆောက်ထားသော Mingalar Mandalay မဏ္ဍပ်အား ကျွန်ုပ်တို့ အောင်စည်တော် AST -MDY နှင့် STF-MDY ရဲဘော်များ မှ မိုင်းခွဲကာ သင်္ကြန်အကြို လက်ဆောင်အဖြစ် သတိပေး ဖောက်ခွဲခဲ့ပါသည်” လို့ အောင်စည်တော် AST -MDY က ဖော်ပြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို အောင်စည်တော် AST -MDY နဲ့ STF-MDY ရဲဘော်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး သင်္ကြန်ရေကစား မဏ္ဍပ်တွေ အပါအဝင် စစ်အုပ်စုနဲ့ ဆက်စပ်မှုရှိတဲ့ နေရာတိုင်းကို စစ်ရေး ပစ်မှတ်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်မယ် လို့လည်း အောင်စည်တော် AST -MDY က ဆိုပါတယ်။

မန္တလေးစည်ပင်နဲ့ New Star Light ကုမ္မဏီတို့ ပူးပေါင်း လုပ်ကိုင်နေတဲ့ မင်္ဂလာမန္တလေး စီမံကိန်းရဲ့ ရှေ့မှာ အကြီးစား သင်္ကြန်မဏ္ဍပ် တည်ဆောက် နေသလို လမ်းလျှောက်သင်္ကြန် အတွက်ပါ ပြင်ဆင်နေတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မင်္ဂလာမန္တလေး မြောက်ဘက်အပေါက် တည့်တည့်မှာ မဏ္ဍပ်အကြီးစား ဆောက်ထားတယ်၊ အဲ့ဒီ မဏ္ဍပ်ရဲ့ မြောက်ဘက်ရော၊ တောင်ဘက် နှစ်ပြလောက်စီမှာ လမ်းလျှောက် သင်္ကြန်ပုံစံ ဆင်ထားတယ်၊ အရင်နှစ်က သင်္ကြန်ဆိုရင် အဲ့ဒီနေရာတွေ လူ အရမ်းစည်တယ်၊ အခုလို ပေါက်ကွဲမှု ဖြစ်တာ ကောင်းတယ်”လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မန္တလေးသင်္ကြန်ကို စည်ကားအောင် လုပ်ဖို့ ကြိုးစားနေပြီး ကျုံးပတ်လည်သာမက မင်္ဂလာမန္တလေးနဲ့ ကမ်းနားလမ်း အပါအဝင် မြို့ပေါ် နေရာ သုံးနေရာမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေတာ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *