ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အခြေအနေ စစ်ကောင်စီ ဘာပြောလဲ

မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေတုန်း ဒရုန်း နဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ထားရတယ် ဆိုတဲ့သတင်းတွေ နဲ့ ပတ်သက်လို့ မေးမြန်းမှုတွေကို စစ်ကောင်စီဘက်က ငြင်းဆန်လိုက်ပါတယ်။

စစ်ကောင်စီ ဒုတိယခေါင်းဆောင်ရောက်နေတုန်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဧပြီ ၈ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Alpha Bats ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး မြေပြင်အခြေအနေသိရှိသူတွေကလည်း ဒီတိုက်ခိုက်မှုကို အတည်ပြုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒရုန်းနဲ့တိုက်ခိုက်ခံရတာမဟုတ်ဘဲ စစ်ဌာနချုပ်အနီးကို အသံဗုံးနဲ့ တိုက်ခိုက်တာဖြစ်ကြောင်းပြောပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ပတ်သက်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ် “နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေကို ပုံမှန်ထမ်းဆောင်နေပါတယ်”လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၀ ရက် ညနေပိုင်းမှာ ပြောပါတယ်။

စစ်ကောင်စီရဲ့ အမာခံနေရာတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်မှုတွေရှိလာပြီး နေပြည်တော်ဒရုန်းတိုက်ခိုက်မှု၊ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်(DSA)ရှော့တိုက်ဒုန်းတိုက်ခိုက်မှု နဲ့စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ မုဒုံခရီးစဉ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *