သန်းရွှေရဲ့ လက်ရင်းတပည့်ကြီး မြင့်လှိုင်ကို မအလက ဘာကြောင့် ဖမ်းရသလဲ..

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်ဆိုတာ ကြိုတင်မဲတွေနဲ့ အမတ်ဖြစ်လာခဲ့ပြီး ဓနုဖြူက လယ်သမားတွေကို အကြွေး ပြန်မဆပ်နိုင်ရင် ထမင်းတနပ်လျှော့စားဖို့ ပြောခဲ့တဲ့ လည်ဆယ်ဝန်ကြီးဟောင်း “တနပ်စားမြင့်လှိုင်”ပဲ ဖြစ်တယ်။

အစက မအလ အာဏာသိမ်းတာကို အူလှိုက်သဲလှိုက် ထောက်ခံပြီး NLD ပါတီကို ဖျက်ပစ်ရမယ်လို့ ကျိန်းဝါးခဲ့သူပေါ့။

ဒါပေမယ့် နောက်ပိုင်းမှာ မအလ ၆ လစီ အာဏာသက်တမ်းတိုးတာကို မကျေမနပ် ဖြစ်လာခဲ့တဲ့အပြင် ကြံဖွတ်ပါတီကို လက်နက် မတပ်ဆင်ပေးလို့ မအလကို ရွဲ့ပြီး ဝါးရင်းတုတ်တွေ ဝါးချွန်တွေကို အခမ်းအနားနဲ့ ပေးအပ်ခဲ့သူလဲဖြစ်တယ်။

လက်ရှိအခြေအနေအရ မအလစစ်တပ်ကြောင့် နယ်မြေတွေ ဆုံးရူံးသွားရတာ၊ စစ်လက်နက်ယန္တရားတွေ အမြောက်အများ ဆုံးရူံးသွားရတာ၊ စစ်သားတွေ အကျအဆုံး များရတာ၊ နေပြည်တော်ကအစ မလုံမခြုံ ဖြစ်ရသွားတာ၊

နောက်ဆုံး ဒုချုပ်စိုးဝင်းကိုယ်တိုင် ၂ ထပ်ကွမ်း အဆော်ခံရတာတွေကို မကျေမနပ်ဖြစ်ပြီး သည်းမခံနိုင်တော့တဲ့အတွက် မူးမူးရူးရူးနဲ့ မအလကို စိန်ခေါ် ဆဲဆိုတယ်လို့ သိရပါတယ်။

“ဒီကောင် စောက်သုံးမကျပဲ တပ်ချုပ်တက်လုပ်ပြီး အာဏာမက်လို့ စစ်တပ်ရော တိုင်းပြည်ရော ပြာပုံဖြစ်နေရပြီ၊၊ စုန်းစုန်းမမြုပ်ခင် ဒီကောင်ကို ရှင်းမှ ဖြစ်မယ်”လို့ ပေါ်တင်စိန်ခေါ်ခဲ့တဲ့အတွက် မအလရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်တယ်။

မအလဘောမတွေ သတင်းလွှင့်သလို ကျားဖျန့်နဲ့ လုံးဝ မသက်ဆိုင်ပါ။ သေချာတာတော့ ကွင်းဆက်လိုက်ပြီး တန်းစီ အဖမ်းခံရမယ့် သန်းရွှေရဲ့ လက်ရင်း တပည့်တွေ အများကြီး တွေ့ရပါတော့မယ်။

ခွေး,ခွေးချင်းကိုက်ကြပြီမို့ လက်ခုပ်လက်ဝါးတီးပြီး အားပေးကြရအောင်…

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *