ကရင်သို့ စစ်ကူလာသည့်ယာဥ်တန်းကို ဂျိုင်းတံတားတွင် တော်လှန်ရေးအဖွဲ့များ စတင်တိုက်ခိုက်

ကရင်ပြည်နယ်သို့ စစ်ကူလာသော စစ်ကောင်စီယာဥ်တန်းအား ကျုံဒိုးမြို့မရောက်မီ ဂျိုင်းတံတားတွင် တော်လှန်ရေးအဖွဲ့များက စတင်တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်သက်ကပြောသည်။

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ တင့်ကား နှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၃၀၀ခန့်ပါရှိသော ယာဥ်တန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်ရန်အသင့်ပြင်ထားကြောင်းလည်း ဗိုလ်မှူးကျော်သက်က ပြောသည်။

” ဂျိုင်းတံတားမှ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်တယ်လို့ သတင်းပေးပို့လာတယ်။ ယာဥ်တန်းလာရင် စီမံထားတာတော့ ရှိပါတယ်”ဟု ဗိုလ်မှူးကျော်သက်က ပြောသည်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် စစ်ကြောင်းသုံးကြောင်းဖြင့် တပြိုင်တည်း စစ်ကြောင်းထိုးရန်ပြင်ဆင်ထားသည်ဟု သတင်းရကြောင်း ၎င်းဆက်ပြောသည်။

အဆိုပါ ယာဥ်တန်းသည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်

(KNLA)နှင့် PDF ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသော ကော့ကရိတ်မြို့နှင့် ကုန်သွယ်ရေးဇုန်မြို့တော်ဖြစ်သော မြဝတီမြို့အား ပြန်လည်ရယူရန် စစ်အင်အားဖြည့်တင်းခြင်းဖြစ်သည်ဟု ဗိုလ်မှူးကျော်သက်က သုံးသပ်သည်။

“သူတို့က မြဝတီနဲ့ ကုန်သွယ်ရေးဇုန်းကို ရအောင်ယူမယ်လို့ကြားတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ဖြန့်ကျက်ထားတော့ မဖြစ်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။ တော်လှန်ရေးရဲဘော်တိုက်ခိုက်ခဲ့သော ဂျိုင်းတံတားရှိရာ ကျုံဒိုးမြို့အား ကျော်ဖြတ်လာပါက ကော့ကရိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။ ကျုံဒိုးမြို့သည် ကော့ကရိတ်ခရိုင်အတွင်း ပါဝင်သည်။

ယနေ့တွင်လည်း ကော့ကရိတ်မြို့၌ တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်လည်း ယမန်နေ့ညက တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့သည်။ ယနေ့တွင်လည်း တိုက်ပွဲဆက်ဖြစ်ခဲ့သည်။

မြဝတီမြို့တိုက်ပွဲအတွင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် စိမ်းလဲ့မြိုင်ကားဝင်းရှိ ကားဂိတ်အချို့နှင့် ရပ်ကွက်(၆)ရှိ ဂိုဒေါင်များ မီးလောင်ခဲ့​သော်လည်း မြို့တွင်း၌ ထိခိုက်ပျက်စီးမှုမရှိစေရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြဝတီမြို့တွင် တာဝန်ယူထားသည့် ကရင်နယ်ခြားစောင့်တပ်(BGF)ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကပြောသည်။

(ကရင်ပြည်နယ်သို့ စစ်ကူလာသော တပ်မ(၅၅)မှ ယာဥ်တန်းအား လမ်းပိုင်းတနေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

မင်္ဂလာ သတင်းကောင်းပါပဲ..

အသေခံဖို့ သက်သက် မြဝတီကို တက်သွားတဲ့ စစ်ရှုံးကောင်တွေတော့ လမ်းမှာ ဖြတ်သုတ်ခံနေရပြီတဲ့ဗျာ.. 👏👏

နေ့ခင်းကတည်း ကြိုရေးခဲ့ပါတယ်..

အကြံတုံး ဉာဏ်တုံး စစ်ဗိုလ်ချုပ်တွေရဲ့ စောက်တုံး ဗျူဟာအောက်မှာ မင်းအောင်လှိုင်ရဲ့ ကျွန်စစ်တပ်က ခွေးသေဝက်သေ အတုံးအရုံး သေကြဦးမှာပါဆိုနေ..


Comments

Leave a Reply

Your email address will not be published. Required fields are marked *