မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျ

နေပြည်တော် အေလာလေတပ်စခန်းသို့ ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

စစ်ရဟတ်ယာဉ်များဖြင့် ရှော့တိုက်ဒုံးပစ်သူများကို ရှာဖွေနေ၊ ပစ်ခတ်သည့်အဖွဲ့မူ လေတပ်အရာရှိနှင့်တပ် သား တချို့ ထိခိုက်သေဆုံးဟုဆို

နေပြည်တော်အေလာလေဆိပ်အား ၁၀၇ ရှော့ဒုံး ၇ လုံးဖြင့်တိုက်ခိုက်ခြင်း

၁။ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၁ရက်၊ မနက် ၄း၄၅ အချိန်တွင် နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါသည်။

၂။ နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေ သောကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ်အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်းတစ်ခုဖြစ်သလို စစ်ကောင်စီ အကြီး အကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိက ပြေးပေါက်လည်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ယခု မစ်ရှင် သည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျင် တော်လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေပြရင်းနိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက် ထပ် စစ်ရေး ပစ်မှတ်များကိုလည်း တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ် ပါသည်။

၃။ တိုက်ခိုက်မှုအတွင်း လေတပ်အရာရှိနှင့်တပ်သားအချို့ thay ပြီး အများအပြားဒဏ်ရာရရှိကြောင်း ကနဦး စုံစမ်းသိရှိရပြီး အသေးစိပ်သတင်းအတိအကျကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

နေပြည်တော် အေလာလေတပ်စခန်းသို့ ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံး ၅ လုံးကျရောက်ပေါက်ကွဲပြီး လေယာဉ်များထားသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးကာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်လည်း ပြိုကျသွားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် နေပြည်တော် အေလာလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၅လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ်များထားရှိသည့် ဟန်ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ရှော့တိုက်ဒုံးတစ်လုံးက မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအတွက် ဆောက် လုပ်ဆဲ သင်္ကြန်မဏ္ဍပ်အနီးသို့ ကျရောက်ပေါက်ကွဲပြီး မဏ္ဍပ်လည်း ပြိုကျ ပျက်စီးခဲ့ရကြောင်း၊ နေပြည်တော် အေလာ လေတပ်တစ်ခုလုံး ရှော့တိုက်ဒုံးကြောင့် မနက်အစောပိုင်း အကုန်လန့်နိုးခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ရဟတ်ယာဉ်များဖြင့်ရှော့တိုက်ဒုံးပစ်ခတ်ရာ နေရာများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ နေပြည် တော်အေလာလေတပ်သင်္ကြန်မဏ္ဍပ်တွင် မင်းအောင်လှိုင် လာရောက်မည်ဖြစ်ပြီး အဆိုတော် ယုန်လေး Gfatt ၊ Ice cool ၊ ဆုပန်ထွာ၊ အဆိုတော်နှင့် ရုပ်ရှင်မင်းသားမင်းသမီးများလာရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည် ။

ရှော့တိုက်ဒုံးကို ပစ်ခတ်ခဲ့သော Brave Warriors for Myanmar (BWM) တပ်ဖွဲ့ကမူ အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့် တပ်သားအချို့ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်၊ အေလာ လေတပ်စခန်း အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်အရာရှိနှင့်တပ်သားအချို့သေဆုံး ပြီး အများအပြားဒဏ်ရာရရှိကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် နေပြည်တော် အေလာလေဆိပ်သို့ ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီ၏ အလုံခြုံဆုံးနှင့်အဆင့်အမြင့်ဆုံးသော လေတပ်စခန်းသည်ပင်လျှင်တော် လှန်ရေးအင်အားစုများ ၏ လက်တကမ်း ပစ်မှတ်အဆင့်သို့ ရောက်ရှိနေကြောင်း သက်သေ ပြရင်း နိုင်ငံတဝန်းတော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ်စစ်ရေး ပစ်မှတ်များကိုလည်း တစိုက် မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်ဖြစ်ပြီး နိုင်ငံ၏ ဗဟိုအချက်အချာတွင် တည်ရှိနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်ရေးအတွက် အနယ်နယ် အရပ်ရပ်သို့ စစ်လေယာဥ်များ စေလွှတ်ရန် အဓိက အခြေခံရာ အဆင့်မြင့်လေတပ်စခန်း တစ်ခု ဖြစ်သည့်အပြင် စစ်ကောင်စီ အကြီးအကဲတို့၏ အခြေအနေမဟန်လျှင် ထွက်ပြေးရန် အဓိကပြေး ပေါက်လည်း ဖြစ်ကြောင်း သိရသည်။

ဒေသပြည်သူတစ်ဦးကမူ အေလာလေဆိပ်တွင် ယနေ့ နံနက် ၄ နာရီ ၄၇ မိနစ် ရှော့တိုက်ဒုံး ပေါက်ကွဲသံများ ကြားရ ကြောင်း အတည်ပြု ပြောဆိုကြသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း နေပြည်တော်အေလာ လေတပ်ကို လှမ်းမြင်နေရစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *