မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံရ

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံး တစ်ရက်တည်း ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြော

ယမန်နေ့ (ဧပြီ၁၀)ရက် နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၇လမ်း၊၂၃လမ်းလမ်း နှင့် ၂၄လမ်းကြား ရှိ သီရိမာလာအရှေ့ရပ်ကွက်ရုံးနှင့် နေ့လယ်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ စစ်ကိုင်းလမ်းခွဲ ဦးပွါးကုန်းကျော် အရှေ့ဘက်အဆင်းလမ်းထိပ်ရှိ ချမ်းမြသာစည်တောင်ရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

သီရီမာလာအရှေ့ အုပ်ချုပ်ရေးရုံးအနီးတွင် ရပ်ထားသော အုပ်ကြီးငမျိုး၏ ဖောက်ခွဲ ခိုက်တိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ကြီး ငမျိုးဆိုသူ ကားပေါ်အတက်တွင် ဖောက်ခွဲခဲ့သော်လည်း အုပ်ကြီးမှာ ကားပေါ်မရောက်သေးဘဲ ဖုန်းပြောနေသောကြောင့် လူမထိကြောင်း Voice Of MDY က ဖော်ပြသည်။

ထို့အပြင် နေ့လယ်ပိုင်း ချမ်းစည်တောင်ရပ်ကွက်ရုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “နေ့လယ် ၂ ချက်ခွဲလောက်က အုံးသံကြားလိုက်တယ်။”ဟု ​အတည်ပြုသည်။

ဖြစ်စဥ်များနှင့်ပတ်သက်၍ ထိခိုက်မှုရှိ၊မရှိကိုမူ မသိရသေးပေ။

ထိုရုံးများရှိ စစ်ကောင်စီခန့်အုပ်ကြီးများသည် ပြည်သူများအား ​ငွေညှစ်လေ့ရှိ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော် AST-MDYက အသိပေးသည်။

“အဓိကပစ်မှတ်က အထူးတိုင်ကြားခံရတဲ့ အုပ်ကြီးများသာဖြစ်ပါတယ်။ ယခုဖောက်ခွဲမှုမှာ ထိုအုပ်ရုံးများ၏ အုပ်မှုးများကို အဓိကတိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပါတယ်။ ဖောက်ခွဲတဲ့နေရာနဲ့ မနီးမဝေးမှာ သူတို့ရှိနေကြပါတယ်။ အဓိက အကြောင်းရင်းကတော့ လက်နက်လိုအပ်ချက်ကြောင့်သာ သူတို့တို့ကံကောင်းခဲ့တာ။ ပြည်သူများထံကနေ နေရာတစ်ခုချင်း လူတစ်ယောက်ချင်းရဲ့ အချက်အလက် အတိအကျ ပေးပို့ထားကြပါတယ်။ ရှေ့လျှောက် စစ်ရေးပစ်မှတ်များကို ဆက်လက်ရှင်းလင်း ဖောက်ခွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”ဟု အောင်စည်တော် AST-MDY၏ တာဝန်ရှိသူက ပြောသည်။

အင်အားနည်းလာသော စစ်တပ်က မြို့ပေါ်တွင် ပျူများကို အယောင်ပြချပြီး ထိန်းချုပ်ထားသယောင် ပြုလုပ်နေကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့် နောက်လိုက်များက ပြည်သူများအား လက်နက်ပြခြိမ်းခြောက် ငွေညှစ်နေကြောင်း အောင်စည်တော် AST-MDYက ဆိုသည်။

ထိုစစ်ဆင်ရေးအား အောင်စည်တော် AST -MDY နှင့် STF-MDY ရဲဘော်များက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

AST-MDYစစ်ဆင်ရေးသည် ဧပြီ(၉)ရက်နေ့ကလည်း မန္တလေးမြို့ရှိ စစ်ကောင်စီထောက်တိုင် မင်္ဂလာမန္တလေးအုပ်စု၏ ရေကစားမဏ္ဍပ်အား မိုင်းခွဲကာ သတိပေးခဲ့သေးသည်။

(အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မန္တလေး အမရပူရမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတရုံးရှေ့၌ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအလိုမရှိကြောင်း ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ကိုတွေ့ရစဥ်။ ဓါတ်ပုံ-PS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *