မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ ထွက်ပြေးသွားသည့် တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းနိုင်စိုးနှင့် အဖွဲ့များ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့် တောင်းခံနေ

ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းနိုင်စိုး အပါအ၀င် တပ်ဖွဲ့၀င် ၂၀၀ ကျော် သည် တပ်ရင်းကို စွန့်ခွာထွက်ပြေးပြီး ထိုင်းနိုင်ငံသို့ ၀င်ရောက်ခွင့်ရရန် ထိုင်းအစိုးရကို တောင်းဆိုမှုများပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ဧပြီ ၁၁ ရက် နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ခလရ-၂၇၅ တပ်ရင်းကို စွန့်ခွာထွက်ပြေးသည့် တပ်မမှူးအပါအ၀င် တပ်ဖွဲ့၀င် ၂၀၀ ကျော်သည် မြန်မာ-ထိုင်း နယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးသို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့်ရရန် ထိုင်းအစိုးရထံ ခွင့်တောင်းနေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်က KNLA နှင့် PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မြ၀တီ မြို့စောင့်တပ် ခလရ -၂၇၅ တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် တပ်မမှူးနှင့်အဖွဲ့သည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

အဆိုပါ ခလရ ၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ ခံရန် အခွင့်အရေး ပေးထားသော်လည်း ယင်းတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာ ရောက်နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့သဖြင့် KNLA ဦးဆောင်အဖွဲ့မှ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီ ၁၀ ရက်နေ့က စစ်ကောင်စီ၏သံချပ် ကာကား ၈ စီးနှင့် ကားအစီးရေ ၂၂ စီးဖြင့် အင်အား ၃၀၀ ခန့်ပါရှိသောအဖွဲ့သည် ကရင်ပြည်နယ်သို့ စစ် ကူလာရောက်ရာ ကျုံဒိုးမြို့မရောက်မီ ဂျိုင်းတံတား အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြား ဖြတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါစစ်ယာဉ်တန်းသည် ခလရ ၂၇၅ တပ်ရင်းသို့ စစ်ကူပေးရန် ထွက်လာသည့် တပ်မ (၅၅) မှတပ်ရင်း တပ်ဖွဲ့များဖြစ်ပြီး မြ၀တီမြို့သို့မရောက်မီ ကြားဖြတ် တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို KNLA၊ KNDF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိသည့် စစ်ကောင်စီအကြွင်းအကျန်များကို ရှင်းလင်းမှုများဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း KNU က အသိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *