စစ်ကောင်စီလေယာဉ်တွေ လေပိုင်နက်ထဲဝင်လာရင် ၅ မိနစ်အတွင်း တိုက်ခိုက်ဖို့အသင့်လို့ ထိုင်းလေတပ်မှူး ဖွင့်ဟ

ထိုင်းလေတပ်မှူး ဖန်ဖက်ဒီဖက်တန်ခွန်က မြ၀တီမြို့တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက် ရောက်သွားပြီးနောက် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ လေယာဉ်တွေ လာရောက်တိုက်ခိုက်လို့ လေပိုင်နက်ကျော် လွန်လာရင် တားဆီးတိုက်ခိုက်သွားဖို့ ၅ မိနစ်အတွင်း အသင့်အနေအထားပြင်ထားတယ်လို့ ပြောဆိုလာပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာကိုယ်တိုင်က လေပိုင်နက်ကို ထိပါးခံမှာမဟုတ်လို့ F 16 တိုက်လေယာဉ်တွေ အသင့် ပြင်ခိုင်းထားကြောင်း ထုတ်ပြန်ပြောဆိုအပြီးမှာ ထိုင်းတော်ဝင်လေတပ် တပ်မှူး ဖန်ဖက်ဒီဖက်တန်ခွန်က ထိုင်းလေပိုင်နက်ကို ကာကွယ်ဖို့ ၂၄ နာရီအပြည့် အသင့်အနေအထားပြင်ဆင်ထားပြီး ပိုင်နက်ကျော်လာတာနဲ့ ၅ မိနစ်အတွင်း ကြားဖြတ်တိုက်ခိုက်ဖို့ F 16 လေယာဉ်တွေ အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

ဒီအမိန့်နဲ့ပတ်သက်လို့ ဝန်ကြီးချုပ်က ထုတ်စရာမလိုဘဲ ထိုင်းကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်နဲ့ လုပ်ဆောင်မှာဖြစ်ကြောင်း ထိုင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုပါတယ်။

Ref:The Reporters


Comments

Leave a Reply

Your email address will not be published. Required fields are marked *