မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မန္တလေးမြို့ ၆၂ လမ်းရှိ ပြည်ကြီးတံခွန် အဆင့်မြင့် ရဲစခန်းကို မန္တလေးခရိုင် တပ်ရင်း ၆ က ၄ဝ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက် ၅ နာရီခန့် ဝန်းကျင်ခန့်မှာ မန္တလေး ၆၂လမ်းမှာရှိတဲ့ အဆင့်မြင့် ရဲစခန်းကို ကျွန်တော်တို့ တပ်ဖွဲ့ကနေ ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု မန္တလေးခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း မြေပြင် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *