စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဒဏ်ရာအခြေအနေမကောင်း၍ ရန်ကုန်မြို့ ကန်သာယာဆေးရုံသို့ပြောင်းရွှေ့ပြီး အရေးပေါ်ကုသမှုခံယူနေ

စိုးဝင်းက ရတခ အတွင်း စစ်ဆင်ရေးများ ဆက်လက်ကွပ်ကဲနေသယောင် သတင်းတုများ ဖြန့်ပြီး တပ်တွင်းကို ဆိုက်ဝါးလုပ်ထားကြောင်း ခိုင်လုံတဲ့သတင်းများအရသိရပါတယ်။

ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် ရတခ တိုင်းအတွင်း စစ်ဆင်ရေးအထူးအစည်းအဝေးလုပ်နေသည့် စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းအပါအဝင် စစ်တပ်အကြီးအကဲများအား SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ရက်ဆက်တိုက် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပထမနေ့ တိုက်ခိုက်မှုထက် ဒုတိယနေ့ တိုက်ခိုက်မှုတွင် စိုးဝင်းနှင့်အတူ ကစထမှုး ညွန့်ဝင်းဆွေပါ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဒုချုပ်စိုးဝင်းဟာ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းမှစပြီး အရေးပေါ်ကုသမှုများခံယူကာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိပြီး အကြီးစားကုသမှုခံနေရတယ်လို့ ကနဦး သတင်းရရှိပါတယ်။ ယနေ့ ကြားသိရသည့်နောက်ဆုံးသတင်းအရ စိုးဝင်းအခြေအနေမကောင်း၍ ရန်ကုန်မြို့ ကန်သာယာဆေးရုံသို့ ပြောင်းရွှေ့ကာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့သိရပါတယ်။

ဧပြီလ ၁၀ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ်တွင် နေ့လယ် ၁နာရီခွဲခန့် စုပေါင်းစစ်ဆင်ရေးခန်းမ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ လူအထိအခိုက်မရှိဘဲ အဆောက်အဦခေါင်မိုးထိမှန်ခဲ့ကြောင်း၊ နောက်ထပ် ၁မိနစ်ခွဲအကြာတွင် နောက်ထပ် ကာမီကာဇေတစ်စင်း ထပ်မံရောက်ရှိပေါက်ကွဲရာ ခေါင်မိုးအပျက်နဲ့ ထပ်မံထိခိုက်မိပြီး လူထိခိုက်မှုများ စတင်ကြောင်း၊ ခန်းမတွင်းမှ အရာရှိကြီးများနှင့် အရေးကြီးပုဂ္ဂိုလ်များကို ကယ်ထုတ်ကာ လေယာဉ်ဆီသို့ ရှေးရှုစဉ် လေယာဉ်ရပ်နားကွင်းထဲ ကာမီကာဇေဒရုန်းတစ်စီးထပ်မံရောက်ရှိပေါက်ကွဲကြောင်း၊ ၎င်းနောက် တိုင်းမှူးရုံးသို့ VIP များပို့ဆောင်ကာ မော်လမြိုင်လေဆိပ်ရှိ VIP ရဟတ်ယာဉ် အားချင်းခေါ်ယူရကြောင်း၊ ထို့နောက် စိုးဝင်းအပါ ဒဏ်ရာရသူများကို နေပြည်တော်သို့ အရေးပေါ်ပို့ကြောင်း၊ ကုတင်တစ်ထောင် စစ်ဆေးရုံတွင် မသက်သာသဖြင့် ညပိုင်း ရန်ကုန် ကန်သာယာဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် တိုက်ရိုက်ပို့ရကြောင်း၊ အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူချက်ချင်းခေါ်ယူကုသရကြောင်း၊ အခြေချဗျူဟာမှူး ၁ဦး၊ အမြောက်တပ်ဒုညွှန်ကြားရေးမှူး၁ဦး၊ တိုင်းစစ်ဆင်ရေးကာနယ် ၁ဦး ပွဲချင်းပြီးသေပြီး ၊ ဒုချုပ်စိုးဝင်းမှာ ပေါက်ကွဲဒဏ်ရာထက် အမိုးတန်းပုခုံးပေါ်ပြုတ်ကျသည့်ဒဏ်ရာက ပိုမိုပြင်းထန်ခဲ့ကြောင်း၊ အရာရှိအရာခံ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း၊ ကစထမှူး ညွန့်ဝင်းဆွေက ခြေထောက်ပဲထိပြီး စိုးဝင်းလောက် မစိုးရိမ်ရကြောင်း၊ အခုတော့ ၁/၁၀၀၀ စစ်ဆေးရုံမှာ ကုသခံနေရကြောင်း၊ ရတခ တိုင်းမှူးက ပွန်းပဲ့ထိခိုက်ဒဏ်ရာလောက်သာရရှိကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရပါသည်။

ဧပြီ ၄ ရက်နေ့ကလည်း SHAW HTOO WAW နည်းပညာတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတပ်ဖွဲ့များပူးပေါင်းပြီး နေပြည်တော်စစ်ရုံးချုပ်နှင့် မင်းအောင်လှိုင်နေအိမ်တို့အပေါ် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ မင်းအောင်လှိုင်၏ ကိုယ်ရံတော်ဒုဗိုလ်မှုးကြီးတစ်ဦး သေဆုံးခဲ့ကာ သေဆုံး/ထိခိုက်ဒဏ်ရာရမှုများ အမြောက်အမြားရှိခဲ့ကြောင်းသိရပါသည်။

ဂျေလှသင်


Comments

Leave a Reply

Your email address will not be published. Required fields are marked *