‼️ဒုချုပ်စိုးဝင်း အခြေအနေ မကောင်း‼️

စစ်ရှုံးကောင်စီရဲ့ ဒုကာချုပ် စိုးဝင်းဟာ ဒရုန်းဗုံး ထိမှန်ခဲ့တဲ့ ဒဏ်ရာကြောင့် ခန္ဓာကိုယ် ဘယ်ဘက် တစ်ခြမ်းလုံး စုတ်ပြတ်သတ်သွားပြီး အခုချိန်အထိ အထူးကြပ်မတ်ခန်း ICU မှာ အရေးပေါ် အနေအထားနဲ့ အောက်ဆီဂျင် မပြတ် ပေးနေရကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုပါတယ်။

အကယ်၍ စိုးဝင်း အနေနဲ့ အသက်ဘေးက လွတ်မြောက်ခဲ့ရင်တောင် သူ့ရဲ့ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ဆရာဝန်တွေက မှတ်ချက်ပြုထားကြောင်း သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကတော့ လောလောဆယ် ညာဘက်ခြေထောက် ဖြတ်တောက်ထားရပြီး ညာဘက်မျက်နှာ တစ်ခြမ်းကလဲ လုံးဝကို စုတ်ပြတ်သတ်သွားတယ်လို့ သိရပါတယ်။

မော်လမြိုင် ရတခမှာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း စစ်ရှုံးကောင်စီရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်း အရာရှိကြီး ၁၆ ဦး ဗုံးထိမှန်ခဲ့ပြီး ၁၄ ဦးက အရေးပေါ် အခြေအနေမှာ မသေမရှင် ဆန့်ငင်ဆန့်ငင် ဖြစ်နေဆဲလို့ သိရပါတယ်။

လက်ရှိမှာ စင်္ကာပူနဲ့ အိန္ဒိယက အထူးကု ဆရာဝန်တွေကို ခေါ်ယူကာ ရန်ကုန်မြို့ အင်းယား ကန်စောင်းရှိ စစ်တပ်ပိုင် ကန်သာယာ ဆေးရုံမှာ ကြိတ်ကုနေကြက ဆေးရုံကို လုံခြုံရေး အပြည့်ချထာပြီး အရပ်သား လုံးဝ ဝင်ခွင့် မပြုဘူးလို့ တပ်တွင်း သတင်းရင်းမြစ်က သတင်းပေးပို့ထားပါတယ်။

ဒါကတော့ ဒရုန်းစာမိခဲ့တဲ့ လက်ဖက်ခြောက်တို့ အုပ်စုရဲ့ နောက်ဆုံးရ သတင်းပါ။ ထူးခြားတာကတော့ မင်းအောင်လှိုင်က လူလာပြီး ကိုယ်တိုင် သတင်းမေးဖို့ နေနေသာသာ ဖုန်းဆက်ပြီးတော့တောင် သတင်းမမေးဘူးလို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *