ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်၊ ရုံးဝင်းအတွင်းရှိ ကားများ ထိခိုက်ပျက်စီး (ရုပ်/သံ)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့က လက်ပစ်ဗုံး ၁ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ ရုံးဝန်ထမ်းကားများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲက အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ခရိုင်တရားရုံးသည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးကာလမှ ခရိုင်တရားရုံး အဖြစ်သက်မှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေရာဝန်းကျင်တွင် ထွေအုပ်ရုံး၊ ကြံ့ခိုင်ရေးရုံး၊ စည်ပင်ရုံးများလည်းကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ဘန်ကာများစွာဖြင့် လုံခြုံရေးယူထားပေးသော ရုံးဖြစ်ပြီး ပြည်သူများအနေဖြင့် သင်္ကြန်အတွင်း လည်ပတ်ခြင်း မပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေကြရန် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *