ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးကို ဖမ်းဆီးခဲ့သော ရုပ်သံဖိုင် ယနေ့ညပိုင်တွင် လူမှုကွန်ယက်၌ပြန့်နှံလာသည်။
ကချင်တောင်တန်း အမည်ရ တယ်လီဂရန်ချန်နယ်တွင် စစ်ကောင်စီတပ်၏ စိန်လုံဗျူဟာမှ ဗျူဟာမှူးကို ဗိုလ်မှူးကြီး ဟိန်းထက်အောင် အားKIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လက်နောက်ပြန်ကြိုးဖြင့်တုတ်၍ ဖွက်ထားသောသေနတ်ကို ပြရန် ပြောဆိုနေကြသည်ကိုတွေ့ရသည်။
“မင်းကအပေါ်ငနေခေါင်းမာပြနေတာပေါ့”ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောရာ
“မဟုတ်ပါဘူး ကြောက်လို့ပါ”ဟုစစ်ကောင်စီတပ်ဗျူဟာမှူး ဟုပြန်ပြောသည်။
“စောစောကတည်းကကောင်းကောင်းမွန်မွန်ထွက်လာရင် ဘာမှမလုပ်ဘူးပြောနေတာကို “ဟု KIA ရဲဘော်ကပြောရာ
“ငါကြောင်နေပြီ”ဟု ဗိုလ်မှူးကြီး ဟိန်းထက်အောင် ကပြန်ပြောရာ
“လက်နက်ချရင် ငါတို့ဘာမှမလုပ်ဘူး”ဟု KIA ရဲဘော်ကပြောသည်ကိုလည်းတွေ့မြင်ရသည်။
စကခ(၂၁) နည်းဗျူဟာ(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်မှာ ဖမ်းဆီးခံထားရစဥ် စစ်စွပ်ကျယ်ဖြင့် ကြောက်လန့် စိုးထိတ်နေသည်ကို ၅ မိနစ်ကျော်ကြာသောရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။
ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံဗျူဟာတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း အားလုံးကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စိန်လုံဗျူဟာကို ဧပြီ ၁ရက်မနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများနှင့် KIA တို့ မိုးမောက်မြို့နယ် ကျောက်စခန်း အနီး ယနေ့ ဧပြီ ၆ရက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူများ ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဖမ်းမိတာ ၂၉ယောက်ရှိသွားပြီ။ သေသွားတာ အယာက် ၃၀လောက်ရှိပြီ။ မိုးမာက်မြို့နားက ကျောက်စခန်းမှာ ။ ဖမ်းမိတာတွေက ဒီနေ့မိတာဟုတ်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧပြီ ၆ ရက်တွင်ပြောသည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ရှုံးပွဲဆက်နေသည့်စစ်ကောင်စီတပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့၏ဘ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်တပ် ထိပ်ပိုင်းအရာရှိများဖမ်းဆီးခံရမှု ၊သေဆုံးဒဏ်ရာရမှူ ၊လက်နက်ချမှုအလွန်များလာသည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောင်ပိုင်း ၊ရခိုင်ပြည်နယ် ၊ကရင်ပြည်နယ် ၊ ကရင်နီပြည် စသည့်ဒေသတို့တွင်ဖြစ်သည်။
(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်တောင်တန်း)
Leave a Reply