ညောင်ဦးတွင် လူငယ်များကို စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက် ခေါ်ဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တိုးလွင် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် လူငယ်များ ပြည်သူ့စစ်ထဲဝင်ရမည်ဟု ခြိမ်းခြောက်နေသူ ပြည်သူ့စစ်ခေါင်းဆောင် ပစ်ခတ်ခံရပြီး ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးနှင့် ပြည်သူ့စစ်တိုက် ဖျက်ရေး တာဝန်ခံ စစ်ပိုင်ကပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ညောင်ဦးမြို့နယ်၊ လက်ပန်ခြေပေါ်တိုက်နယ် အုန်နဲ ကျောင်းရွာတွင်နေထိုင်သူ ပြည်သူ့ စစ်ခေါင်းဆောင်တိုးလွင်ကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့နှင့် ညောင်ဦးခရိုင် တပ်ရင်း ၅ တို့ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း သိရသည်။

“သူက စစ်ခွေးတွေနဲ့ပေါင်းတယ်၊ တစ်ခုခုဆိုရင် စစ်ခွေးတွေကို လှမ်းခေါ်တယ်။ PDF တွေ အသွာ အလာကိုစောင့်ကြည့်ပြီးတော့ သတင်းပေးတယ်၊ ပြည်သူ့စ်စုဆောင်းရာမှာလည်းသူက ထိပ်ဆုံးကပဲ၊ လူငယ်တွေ စစ်တပ်ထဲဝင်ရင် ဝင်၊ မဝင်ရင် ဖမ်းမယ်လို့ ခြိမ်းခြောက်နေတာ၊ အဲဒါကြောင့် ပစ်ခတ် ရှင်းလင်းခဲ့တာပါ” ဟု ညောင်ဦးမြို့နယ် အထူးချေမှုန်းရေးနှင့် ပြည်သူ့စစ်တိုက် ဖျက်ရေး တာဝန်ခံ စစ်ပိုင်က ပြောကြားသည်။

သေဆုံးသူတိုးလွင်သည် လက်ပံခြေပေါ်တိုက်နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းကာ PDF တပ်ဖွဲ့ဝင်များ၏ အသွားအလာကို စောင့်ကြည့် သတင်းပေးပို့ခြင်း၊ အကြမ်းဖက်စစ်တပ်ထဲတွင် စစ်မှုထမ်းစေရန် ထိပ်ဆုံးမှ ပါဝင်လှုံ့ဆော်နေခြင်း၊ အသက်ပြည့်သူ လူငယ်တွေ ပြည်သူ့စစ်ထဲဝင်ရမည်ဖြစ်ပြီး စစ်ထဲ မဝင်ပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပကဖ အနေဖြင့် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းစေရန် မတရားလုပ် ဆောင် နေသူ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မည့်သူ့ကို မဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *