မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကန်သာယာရေကစားမဏ္ဍပ်ကို တော်လှန်ရေး တပ်ဖွဲ့များက အသေခံ ဒရုန်း ၁ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း မဏ္ဍပ် နောက်ကျောရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အသေခံ ဒရုန်း ၁ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team)ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့ ၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ဒေသတွင်း ပကဖ အဖွဲ့များနှင့် ဆားလင်းကြီး ပလဖ တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က မဏ္ဍပ်ကို Jammer များဖြင့် အခိုင်အမာ အထိုင်ချ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ ပိုမို ပူးပေါင်းပါ၀င်ပါက Drone အစီးရေများများဖြင့် စွမ်းအားပြင်းယမ်းများကို အသုံးပြုလျှက် ယခုထက်ပိုမို ထိရောက် အောင်မြင်အောင် တော်လှန်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မလျော့သော ဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ဒေါင်းတမန်လေကြောင်းတမန်လေကြောင်းစစ်ဆင်ရေးသတင်း တင်ပြချက်

၁၅-၄-၂၀၂၄ သကြင်္န်အကြတ်နေ့

Shar Htoo WAW နည်းပညာတပ်ဖွဲ့၏ ပူးပေါင်း တပ်ဖွဲ့ဝင်များသည် ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖြစ် မုံရွာမြို့ရှိ ကန်သာယာရေကစားမဏ္ဍပ်မှ အာဏာသိမ်းစစ်အုပ်စုအား ကာမီကာဆယ်တစ်စင်းဖြင့် တိုက်ခိုက်

ဧပြီ ၁၅ သကြင်္န်အကြတ်နေ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကန်သာယာရေကစားမဏ္ဍပ်မှ အာဏာသိမ်းစစ်အုပ်စုအား ကာမီကာဆယ်တစ်စင်းဖြင့် ယနေ့မနက်ကိုးနာရီခွဲခန့်မှာ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပါသည်။

ယင်းတိုက်ခိုက်မှုတွင် မဏ္ဍပ်နောက်ကျောရှိ အာဏာသိမ်းစစ်အုပ်စုထံ ကျရောက်ခဲ့ပြီး ပေါက်ကွဲသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများမှတစ်ဆင့် သိရှိရသည်။

အဆိုပါမဏ္ဍပ်ရှိ အာဏာသိမ်းစစ်အုပ်စုက ဂျန့်ဘာများဖြင့် အခိုင်အမာ အထိုင်ချတပ်စွဲထားသည်။

Fixed Wing Drone ဖြင့် ကာမီကာဆယ် တိုက်ခိုက်နိုင်ခဲ့ပါသည်။

၎င်းစစ်ဆင်ရေးအား ပူးပေါင်းဆောင်ရွက်ခဲ့သည့်အဖွဲဲ့အစည်းများ

(၁) Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF

(၂) Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF

(၃)Eagle Wing Drone Force

(၄)ဗေဒါပျံ (Drone Team)ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

(၅)Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့

(၆)”ငါတို့”ထောက်ပို့အဖွဲ့

(၇)ဒေသခံပကဖအဖွဲ့များနှင့်ဆားလင်းကြီးပလဖတပ်ရင်း၊တပ်ဖွဲ့များ

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးသည် ရှိတဲ့ပစ္စည်းလေးတွေနဲ့ပူးပေါင်းပြီးရနိုင်သမျှတော်လှန်ရေးမှာစစ်အာဏာရှင်စနစ်ကိုအစွမ်းကုန်တွန်းလှန်တိုက်ခိုက်နေပါတယ်။

မိဘပြည်သူများမှပိုမိုပူးပေါင်းပါ၀င်ပေးပါကDroneအစီးရေများများဖြင့်စွမ်းအားပြင်းယမ်းများကိုအသုံးပြုလျှက်ယခုထက်ပိုမိုထိရောက်အောင်မြင်အောင်တော်လှန်ရေးကိုဆောင်ရွက်နိုင်မှာဖြစ်ပါသဖြင့် စစ်အာဏာရှင်စနစ်အမြန်ဆုံးနိဂုံးချုပ်နိုင်ရေးအတွက်မိဘပြည်သူများအနေဖြင့်မလျော့သောဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။🙏🙏🙏

“ဝေဟင်မှာ ပျံသန်းဖို့ မြေပြင်က ထောက်ပို့စို့”

“ဗုံးမိုးကြဲကာမိစ္ဆာနှင်ဖို့ တို့ပြည်သူတွေ ကူညီစို့”

“စစ်အာဏာရှင်စနစ်အတွက်နေရာမရှိစေရ”

ပြည်သူ့အရေးတော်ပုံအောင်နေပြီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *