လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာတွင် တုတ်ပြီး၊ ဓားပြီး၊ သေ နတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Launglone People Defense Force-LLPDF မှတာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၄ရက်နေ့ ည ၇ နာရီအချိန် လောင်းလုံးမြို့နယ်တွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟုကြွေးကြော်ထားသူ စမ်းလှန်းရွာနေ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး ခေါင်း ဆောင်၏ ဇနီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ အီကွေးမန့်တစ်စုံ လက်ပစ်ဗုံး ၁ လုံး ဓါးတို ၂ ချောင်း ၊ အရှည် ၁ ချောင်း ၊ ပျူစောထီးကဒ်ပြားများနှင့် အဆောင် အ ယောင် များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်သည် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ ငါးဖမ်းလှေများကို ဆက်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီ စစ် ကြောင်းများခေါ်ယူပြီး စစ် ကြောင်းထိုးလေ့ရှိခြင်း၊ ပြည်သူများကို လက်ညှိုးထိုး ဖမ်းဆီးခိုင်းခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ရှင်းလင်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့ဘူး။ သူက တုတ်ပြီး ဓားပြီး သေနတ်ပြီးဆိုပြီး ကြွေးကြော်ထားတာ ဒီတခါကတော့ ပွဲချင်းပြီး ရှင်းလင်းနိုင်ခဲ့တယ်။ သူ့အမျိုးသမီးလည်း စစ်ခွေးတွေနဲ့ ပူးပေါင်း လုပ်ကိုင်နေသူပဲ စစ်ခွေးတွေကို ရိက္ခာပို့တာ အကုန်လုံး လုပ်ဆောင်ပေးနေတာ သူ့မိန်းမကတော့ လွတ်သွားတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ရှင်းလင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် သူ့တွင် အခံရှိပြီး တုတ်ပီး ဓါးပီး သေနတ်ပီး သည်ဟုဆိုကာ ကြွေးကြော်ထား ကြောင်း၊ ၎င်း၏ အမျိုး သမီးသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်း လုပ်ကိုင်နေသူဖြစ်ပြီး တာဝါတိုင် စခန်းကုန်းမှ စစ်ကောင်စီများထံ ရိက္ခာ ပို့ပေးခြင်း လိုလေသေးမရှိဖြည့်ဆည်းပေးခြင်း များလုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပျူစောထီးစာရင်းဝင်သောင်းကျန်းသူများကို အလျဉ်းသင့်သလို တိုက် ခိုက်ရှင်းလင်း သွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးချင်သည့် ပျူစောထီးများ အနေဖြင့် လက်နက်နှင့်တကွ အလင်းဝင် ရောက်ကြရန် လောင်းလုံး (ပကဖ)က အသိပေးထုတ်ပြန်ထားသည်။

တုတ်ပီး ဓါးပီး သေနတ်ပီးဟုကြွေးကြော်ထားသည့် စမ်းလှန်းရွာမှ အကြမ်းဖက် ပျူစောထီးခေါင်းဆောင် အောင်ခင်အားပစ်ခတ်ရှင်းလင်းခြင်း သတင်းထုတ်ပြန်ချက်

၁၄.၄.၂၀၂၄ ရက်နေ့ည၇နာရီခန့်က လောင်းလုံးမြို့နယ် စမ်းလှန်းရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ခင်ဆိုသူအား ကျွန်ုပ်တို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ၀င်ရောက်ရှင်းလင်းခဲ့သည်။ တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့်ပူးပေါင်းကာ ပင်လယ်ပြင်မှငါးဖမ်းလှေများအား စစ်ကြေးကောက်ခံပေးသူ စစ်ကောင်စီစစ်ကြောင်းများခေါ်လာပြီး စစ်ကြောင်းထိုးလေ့ရှိသူ ပြည်သူများအားလက်ညှိုးထိုးဖမ်းဆီးခိုင်းသူဖြစ်ပြီး ယနေ့အချိန်ထိပျူစောထီးခေါင်းဆောင်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်။

မိမိတို့မှ ပျူခေါင်းဆောင် အောင်ခင်အားရှင်းလင်းရန်အကြိမ်ကြိမ်ကြိုးစားခဲ့ရာ ၎င်းသည်ရွာအတွင်း၌သူ့မှာအခံရှိတယ် တုတ်ပီးဓါးပီးသေနတ်ပီးတယ်ဟုကြွေးကြော်ထားသူဖြစ်သည်။ ၎င်း၏အမျိုးသမီးမှာလည်း၎င်းနှင့်အတူစစ်ကောင်စီနှင့်ပူးပေါင်းလုပ်ကိုင်နေသူဖြစ်သည်။တာ၀ါတိုင်စခန်းကုန်းမှစစ်ကောင်စီအား ရိက္ခာပို့ပေးခြင်း လိုလေသေးမရှိဖြည့်ဆည်းပေးခြင်းများလုပ်ဆောင်ခဲ့သည်။

သို့သော်၎င်းအား၀င်ရောက်ရှင်းလင်းစဉ် ပျူခေါင်းဆောင်၏အမျိုးသမီးဆိုသူမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တုတ်ပီးဓါးပီးသေနတ်ပီးဆိုသည့် ပျူခေါင်းဆောင်အောင်ခင်ဆိုသူမှာ ငရဲသို့ဖြောင့်ဖြောင့်တန်းတန်းရောက်ရှိသွားခဲ့သည်။ ထိုသို့ပစ်ခတ်ရှင်းလင်းပြီး ၎င်း၏နေအိမ်၌၀င်ရောက်ရှာဖွေစဉ် အီကွေးမန့်တစ်စုံ လက်ပစ်ဗုံးတစ်လုံး ဓါးတို၃ချောင်း ပျူစောထီးကဒ်ပြားများနှင့် အဆောင်ယောင်များသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ပျူစောထီးစာရင်း၀င်သောင်းကျန်းသူများအား မိမိတို့မှ အလျဉ်းသင့်သလိုတိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးချင်သည့်ပျူစောထီးများ လက်နက်နှင့်တကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်းအသိပေးထုတ်ပြန်လိုက်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *